Wednesday, 24 June 2015

လမ်းပြကြယ်

အဘာ
အဘာရေ သိုက်ရင်းပီပီသသ
မြစ်ချောင်းပင်လယ်ဝမှာ အသက်ရင်းဝံ့ခရေပိုင်
မိသားစုဘဝသိုက်မြုံတခုလုံးအတွက်လေ့
လောကဓံကိုပြုံးပြ အန်တုနှိုင်စွမ်းဟိခရေ
အနန္တပဲ့ကိုင်သျှင်ကောင်းတယောက်ပါ … ။

အဘာ
အဘာရေ ဖြားရီအတက်အကျ
ကမ်းပတ်(စ) မပါခကေတောင်
လမ်းကြောင်းမှန် မောင်းနှင်နှိုင်ခရေပိုင်
သားအနာဂတ် စာဖတ်ခုံသို့ရောက်ဖို့
အချိန်မှန်ပို့ပီးနှိုင်ခရေ နှိုးစက်တခုပါ … ။

အဘာ
အဘာရေ အကျွန့်ကမ္ဘာအတွက်
ပုဗ္ဗာစရိယတယောက်ဖြစ်ခရေပိုင်
အကျွန့်စကြာဝဠာအတွက်လေ့
ထာဝရ အတောက်ပဆုံး အလင်းလက်ဆုံး
လမ်းပြကြယ်ကြီးတလုံးပါ … ။

ခိုင်ထွီး

Monday, 22 June 2015

အဖြူရောင်လမ်းက

ငါ့ကမ္ဘာမှာ
နီပူရေခါ နင်မလာ
လပရေခါ နင်မလာ
ဇာဇာရောက်နီခီလေး ... ။

မာယာကိုသောက်သုံး
အယှုံးအမြတ်တန်ဖိုးကို
သိုက်ခြင်ခြင်ပနာ ကိုးကွယ်နီခီလား ... ။

အရိုးဆွီးရေ လကွယ်ညည့်ကျမှ
နယ်လွန်နှလုံးအီးတန်းခါးကို
အသာအသာလာခေါက်
တဒေါက်ဒေါက်မြည်သံနန့်တတူ
နင် တောက်ပစွာ
ဒိတ်အောက်နီယာလို့ မပြောချင်
ယေကေလေ့
နောက်ဘဝမှာ လာလည်ပါ ... ။

နင့်အတွက်
ငါ့အကြောက်တရားတိကို
အိမ်ဂြောက်မှာချိတ်ထားပနာ
အဖြူရောင်လမ်းထိပ်က
ဂေါင်းတညိတ်ညိတ်နန့် ကြိုဆိုနီမေ ... ။

ခိုင်ထွီး

Friday, 19 June 2015

ညည့်အော်သံ

နိအလင်းကိုလွန်ဆန်
မဟူရာညဇာကို ဖြတ်သန်းယင်း
သိုင်ခေါင်တွင်းက
တဆတ်ဆတ် နက်ပါလတ်တေ ... ။

အာကာကို မော်ကြည့်မိရေ
ပျော်မြူးနီရေ ကြယ်တသင်းနန့်
မိုးရိပ်ကင်းယှင်းရေ လမင်းရို့ကိုမြင်လို့
အပြုံးပန်းတိ လန့်နိုးလားရေပိုင် ... ။

မြီပြင်ကို ခင်တွယ်လို့
ဂေါင်းစိုက်ပနာ ငုံ့ကြည့်လိုက်တေ
အဖြစ်အပျက်တိထက်
အပြစ်ဖျက်တိက ခေတ်စားနီရေပိုင် ... ။

သိုင်ခေါင်အလွန်မှာ
ထော ... အသံတသံ
ဂီတသံလား
ယစ်မူးသံလား
ညည့်ငှက်သံလား
နှလုံးသားအထက်ယံမှာ
မှန်းလို့ကမကျ
လွမ်းရ ဆွေးရဖို့ပိုင်
ငိုရ ရယ်ရဖို့ပိုင်
အော် ... ဒေအသံစွာ
နတ်ပြည်ကလား
လူ့ပြည်ကလား
ငရဲပြည်ကလား ... ။

ခိုင်ထွီး

Sunday, 14 June 2015

အကြားအမြင်


လီထဲကမိုးရိပ်
အတိတ်ကိုပုံဖော်
ဖော်မျူလာအသစ်နန့်
မူကိုပစ်ပနာ
ပေါ်ပျူလာဖြစ်နီရေဆိုကား ... ။

မှန်လား မှားလား
တရားလား မတရားလား
တရားစောင့်ဘုရင်
အသျှင် ကြားရေအရပ်က
နားစွင့်ပနာ သာဓုခေါ်ပါ ... ။

ထိုမှာကြည့်လိုက်
အယင်ခေတ်ကလက်ရာ
အရှိဖက်ကို ရိနာလိုက်
အမြင်မှာ ဆန်းလို့ သစ်လို့
ကမ္ဘာကလေ့ ပယ်လို့ ပစ်လို့
အရာ ဇာကျန်သိလေး ... ။

ပေါက်တူး နန့် လိပ်
လိပ် နန့် ပေါက်တူး
အသွင်ကူးပြောင်းလို့
မြီစာပင်တိ ထူးဖို့လား
ရူးရာရူးလီဖို့လား
ဘုရားတိကတော့ခါ
ပြူးပနာ ကြည့်နီယင့် ... ။


ခိုင်ထွီး

Wednesday, 10 June 2015

ရက္ခရန်ကာ

အယင်ကခါ ...
အမျိုးဘာသာ၊ သာသနာတွက်
ရွယ်ကာထွင်းထု၊ ဆင်းထုပြုပြီး
ကောင်းမှုဖြစ်ထွန်း၊ ပြည်သာမြန်းဖို့
အဆန်းတကြယ်၊ ရန်နှစ်သွယ်ကို
ကာကွယ်နှိမ်နှင်း၊ နောက်နောင်ကင်းဖို့
ကြောချင်းကပ်လျက်၊ ရှိနောက်မျက်နှာ
လက်ရာစံယှား၊ တည်ထားကိုးကွယ် ... ။

ဒေဂုအခါ ...
ဘုရားနှစ်ပါး၊ အလားလားနန့်
ကွဲပြားခြားနား၊ ရှိဘုရားမှာ
နားပိုင်းပေါင်ပိုင်း၊ လက်ချောင်းပိုင်းလို့
ဝမ်းတော်အပေါက်၊ မှောက်ခုံမှောက်ပျာ
အကောက်ဉာဏ်သုံး၊ ရုပ်ပျက်ဆုံးထိ
အတုံးတုံးပိုင်း၊ သူရို့ရိုင်းစွာ
နှိုင်းစရာယှား၊ မှတ်ထားလီကတ်... ။

ယေလေ့တဖန် ...
ရှိရန်နောက်ရန်၊ ရက္ခရန်ကာ
ပြန်လည်ပြုပျင်၊ သက်တော်ဝင်လို့
ဘုရင်မင်းဗာ၊ သျှင်မြဝါနန့်
ပညာကျော်ရို့၊ ပျော်လီဖို့ရာ ... ။


ခိုင်ထွီး
ခရီးသည်

ဖြားသင့်နွမ်းအရပ်
ဖြားဆန်လန်းဥတုသုံးပါး
ကစ္ဆပပါးပြင်တဖက်ကိုတောင်
အားရပါးရ နမ်းခွင့်မရခ
အပူလွန်လီညင်းအပိုင်းအစအဖြစ်
တိုက်စားခြင်းခံရရေဘဝတိ
အရစ်ကျစနစ်အောက်မှာ
ပိုလို့အသားကျလှာကတ်တေ ... ။

အဝီးဗြီးကားတစီးကိုစီးယင်း
ပန်းကတီပါရနံ့နန့်
နိုင်လွန်လမ်းအရသာခံစားမိရေ ... ။

ယင်းကတဆင့်
အဝီးက ရိုးမပန်းချီလို့ထင်ရရေ
မြင့်မားရေ တောင်ဂတုံးတလုံး
ဒုံနာမပါရေ ဖုန်တရာလမ်းအပိုင်းအစ
ဂြွမ်းဂြွမ်းပြိုပျက် ကွက်ကျတန်းထားတချို့
အိပ်မက်ထဲမှာ မြင်ခစွာ
လုံးဝ(လုံးဝ)မဟုတ်ဆိုကေ
ဝတ္ထုတိုတပုဒ်လေ့ မဟုတ်ယေ ... ။

နောက်ဆုံးမှာ
အပြုံးပျက်ရို့ရောစပ်ကြိုဆိုနီရေ
မြို့စစ်တွေဧ့ ကုန်တန်းလမ်းက စရေပယေ ... ။

ငါကလေ့
ဇာတိမြီကို အလည်ပြန်ရေ
အာဂန္တုခရီးသည်တယောက်ဆိုခါ
ခွင့်တူညီမျှ ဝါဒဖြူစင်မှုကို
ကမ်းနားလမ်းက
ရှုခင်းသာ ပွိုင့် ဟိုတယ်ပတ်လမ်းတပတ်
စိုင်းဒြားမင်းခွာရို့ ရင်ဖတ်စည်တီးသံတိကို
ရှုစားနားဆင်ယင်း
ငါ ...
ငါ့အတောင်ဖံတိကို ဖြတ်လိုက်ချင်ရေ ... ။


ခိုင်ထွီး
သုံးဖက်မြင် ညည့်

ခေတ်ကဗျာကို
ကာရန်သတ်ပနာ
အလင်္ကာမြစ်နားခတ်မှာ
ညည့်ကဗျာစပ်ယင်း
ဘော်ဒါအပေါင်းတသင်းရို့
အစင်းအကြောင်းနိဒါန်းသီကျူး
နိဂုံးမှာ မြူးခရေ ကြယ်စုံညည့်ပယေ ... ။

အမှားဆိုစွာ
လူ့ဘဝကို နာမည်အလှပချေတခုပီးထားခြင်း
သောက်ဖော်စားဖက်ညဇာဖက်မှာ
ကြည့်မြင်တိုင်မှတ်စုကို
ဥတုကဗျာဖွဲ့ဖြစ်ခပျာ ... ။

သူလေ့သောက် ငါလေ့သောက်
စိတ်တိမှောက်လို့ လမ်းလျှောက်ထွက်ခြင်း
တန်ဖိုးချင်းတူရေညည့်
ကောင်းကင်က ကြယ်တိ
ငါရို့ကို ဦးညွတ်ပါ ... ။

လေးဆယ့်ငါးမိနိ(ထ)ဆိုစွာ
ညည့်တညည့်စာ အတွက်
ဘယ်ဖက်ပါးတခြမ်းဆိုပါဖိ
ဒဿဂီရိမပါကေလေ့
ဒေဇာတ်လမ်းမှာ
ငါရို့ယှုံးခစွာတော့ အမှန်ပါယေ
ဖေသာမဟုတ် သွီးသားမဟုတ်ပါနှန်း
နာနိုက rubyတလိပ်ကို
မီးခိုးတိအူထွက်အောင်သောက်ယင်း
ဓါတ်တိုင်မှီလို့စောင့်နီလီရေ
ခိုင်ထွီးတယောက်
အာသာဆန္ဒ မပြည့်ဝလို့
လမ်းလျှောက်ယင်း ထပ်လျှောက်
ပျောက်လားခရေ ဖေသာသောင်းသုံးထောင် 
ဒါဒေါင်ပီးလိုက်ရရေဆိုဝါ
ဇာသူကို ပီးလိုက်ရရေမှန်းတော့ မသိပါလေး
ထောကြည့်စမ် (ကြည့်စမ်)
ခိုင်နီတယောက် လေးဂွင်မှောက်လို့
ဆိုက်ကားသည်တယောက်စေတနာနန့်
ငါးသောင်းတန်အင်္ကျီကြောက်လို့ 
အန်ဖတ်ဆို့ယင်း အိမ်ကိုပြန်ရောက်ခါ
သုံးဖက်မြင်ထားရေညည့်
ရင်ခုန်သံတိနန့် မိုးကြောင်တောင်လင်းလားခယင့် ... ။

ခိုင်နီဦး၊ ခိုင်ထွီး၊ နာနို{Aryan}     

(6/5/2015)