ညည့်အော်သံ
နိအလင်းကိုလွန်ဆန်
မဟူရာညဇာကို
ဖြတ်သန်းယင်း
သိုင်ခေါင်တွင်းက
တဆတ်ဆတ် နက်ပါလတ်တေ
... ။
အာကာကို မော်ကြည့်မိရေ
ပျော်မြူးနီရေ
ကြယ်တသင်းနန့်
မိုးရိပ်ကင်းယှင်းရေ
လမင်းရို့ကိုမြင်လို့
အပြုံးပန်းတိ
လန့်နိုးလားရေပိုင် ... ။
မြီပြင်ကို
ခင်တွယ်လို့
ဂေါင်းစိုက်ပနာ
ငုံ့ကြည့်လိုက်တေ
အဖြစ်အပျက်တိထက်
အပြစ်ဖျက်တိက
ခေတ်စားနီရေပိုင် ... ။
သိုင်ခေါင်အလွန်မှာ
ထော ... အသံတသံ
ဂီတသံလား
ယစ်မူးသံလား
ညည့်ငှက်သံလား
နှလုံးသားအထက်ယံမှာ
မှန်းလို့ကမကျ
လွမ်းရ ဆွေးရဖို့ပိုင်
ငိုရ ရယ်ရဖို့ပိုင်
အော် ...
ဒေအသံစွာ
နတ်ပြည်ကလား
လူ့ပြည်ကလား
ငရဲပြည်ကလား
... ။
ခိုင်ထွီး
No comments:
Post a Comment