Wednesday, 10 June 2015

ခရီးသည်

ဖြားသင့်နွမ်းအရပ်
ဖြားဆန်လန်းဥတုသုံးပါး
ကစ္ဆပပါးပြင်တဖက်ကိုတောင်
အားရပါးရ နမ်းခွင့်မရခ
အပူလွန်လီညင်းအပိုင်းအစအဖြစ်
တိုက်စားခြင်းခံရရေဘဝတိ
အရစ်ကျစနစ်အောက်မှာ
ပိုလို့အသားကျလှာကတ်တေ ... ။

အဝီးဗြီးကားတစီးကိုစီးယင်း
ပန်းကတီပါရနံ့နန့်
နိုင်လွန်လမ်းအရသာခံစားမိရေ ... ။

ယင်းကတဆင့်
အဝီးက ရိုးမပန်းချီလို့ထင်ရရေ
မြင့်မားရေ တောင်ဂတုံးတလုံး
ဒုံနာမပါရေ ဖုန်တရာလမ်းအပိုင်းအစ
ဂြွမ်းဂြွမ်းပြိုပျက် ကွက်ကျတန်းထားတချို့
အိပ်မက်ထဲမှာ မြင်ခစွာ
လုံးဝ(လုံးဝ)မဟုတ်ဆိုကေ
ဝတ္ထုတိုတပုဒ်လေ့ မဟုတ်ယေ ... ။

နောက်ဆုံးမှာ
အပြုံးပျက်ရို့ရောစပ်ကြိုဆိုနီရေ
မြို့စစ်တွေဧ့ ကုန်တန်းလမ်းက စရေပယေ ... ။

ငါကလေ့
ဇာတိမြီကို အလည်ပြန်ရေ
အာဂန္တုခရီးသည်တယောက်ဆိုခါ
ခွင့်တူညီမျှ ဝါဒဖြူစင်မှုကို
ကမ်းနားလမ်းက
ရှုခင်းသာ ပွိုင့် ဟိုတယ်ပတ်လမ်းတပတ်
စိုင်းဒြားမင်းခွာရို့ ရင်ဖတ်စည်တီးသံတိကို
ရှုစားနားဆင်ယင်း
ငါ ...
ငါ့အတောင်ဖံတိကို ဖြတ်လိုက်ချင်ရေ ... ။


ခိုင်ထွီး

No comments:

Post a Comment