Wednesday, 24 June 2015

လမ်းပြကြယ်

အဘာ
အဘာရေ သိုက်ရင်းပီပီသသ
မြစ်ချောင်းပင်လယ်ဝမှာ အသက်ရင်းဝံ့ခရေပိုင်
မိသားစုဘဝသိုက်မြုံတခုလုံးအတွက်လေ့
လောကဓံကိုပြုံးပြ အန်တုနှိုင်စွမ်းဟိခရေ
အနန္တပဲ့ကိုင်သျှင်ကောင်းတယောက်ပါ … ။

အဘာ
အဘာရေ ဖြားရီအတက်အကျ
ကမ်းပတ်(စ) မပါခကေတောင်
လမ်းကြောင်းမှန် မောင်းနှင်နှိုင်ခရေပိုင်
သားအနာဂတ် စာဖတ်ခုံသို့ရောက်ဖို့
အချိန်မှန်ပို့ပီးနှိုင်ခရေ နှိုးစက်တခုပါ … ။

အဘာ
အဘာရေ အကျွန့်ကမ္ဘာအတွက်
ပုဗ္ဗာစရိယတယောက်ဖြစ်ခရေပိုင်
အကျွန့်စကြာဝဠာအတွက်လေ့
ထာဝရ အတောက်ပဆုံး အလင်းလက်ဆုံး
လမ်းပြကြယ်ကြီးတလုံးပါ … ။

ခိုင်ထွီး

No comments:

Post a Comment