Saturday, 8 July 2017

တောရိုင်း

ယင်းမှာ -
စိမ်းစိမ်းလန်းလန်း
သစ်ပင်ကြီးငယ်စုံလင်ရေ
သင်းမြမွှီးကြိုင်ရေ
ပန်းမျိုးတရာဝီဆာရေ
သူရို့စွာ
ဖြစ်ပျက်တရားကို နာကတ်တေ ... ။

ယင်းမှာ -
လှပသန့်စင်တောက်ပရေ
ကျောက်မျက်ရတနာတိပေါရေ
ယေကေလေ့ ယှားရေ
တန်ဖိုးမဖြတ်နှိုင်ရေ
သဘာဝသယံဇာတတိပေါရေ
ယေကေလေ့ ယှားရေ
သူရို့စွာ
သူရို့ကို သူရို့ အတွက်မပေါ်ကတ် ... ။

ယင်းမှာ -
ပြောင်လို့ဝင်းလို့
ထန်းပင် အစီအရီ တတန်းဟိရေ
သူရို့စွာ
မလုပ်မကိုင်ပဲနန့်
ချမ်းသာကြွယ်ဝကတ်တေလို့ ပြောရေ ... ။

ယေခါ -
တောရိုင်းထဲမှာ ရောက်နီကတ်တေ သတ္တဝါအပေါင်း
တောရိုင်းသရဖူ ကိုယ်စီဆောင်းလို့
စကားပျားရည်ပူကြားမှာ
ဂေါင်း ညိတ်သူညိတ် ခါသူခါ
ရောင်းရောင်းကြီးသတ်ပနာ
တောရိုင်းစွာ တောရိုင်းဆန်နီလီယင့် ... ။ ။

ခိုင်ထွီး

No comments:

Post a Comment