Sunday, 18 December 2016

တံရှင်

အို ... တံရှင်
နင် အဘာ အမင်ကို မျှော်နီစွာဟန်
နင့် နှုတ်ခမ်းဖျားအနားရစ်ချေတိခမာ
လောကဓံတရားလို့ ဆိုရဖို့လား
သူ့ ခြီဖနောင့်ကြမ်းကြမ်းအောက်မှာ တိုက်စားခံရလို့
အက် ကွဲ ပဲ့ ကျသံတိ နိတိုင်းကြားနီရရေ ... ။

နင် မငိုလီကေ့
မင်းရို့တပတ်နွမ်း အကြင်နာတုတိကိုလေ့
အယင်အတိုင်း သိမ်းထားကတ်​​ကေကောင်းဖို့
နင် ပါးစိကိုက်ပနာ သွီးအဖီးဖီးနန့် ပြုံးပြယင်
နင့် အလှနန့် နင် တသွင်သွင် စီးဆင်းသံစဉ်တိက
သဘာဝကာရန်အလှနန့် ကဗျာဆန်ပြနီရေ ... ။

နင် အားမငယ်လီကေ့
နင့် ရခိုင့်ဂန္ထဝင် အနုပညာ ပြယုဂ်တခု
ငါရို့ရင်ဖတ်ကို လာ လာထုရေ
ညည့်မိုက်သိုင်​​ခေါင်လွန်​​ကေ
ရောင်စုံအလင်းသစ်တိကို ခံစားလို့ရယာင်
ပန်းနုရောင်နှုတ်ခမ်းဆိုး ဆိုးပနာ
အရင့်ရောင် လိ(ပ)လိုင်နာချေတခုနန့် အနားသတ်ပီးမေ ... ။ ။


ခိုင်ထွီး

No comments:

Post a Comment