မွီးနိလက်ဆောင်
သမီး နန့်
မြီးနိ
ဒေနိမှာ
ဆယ့်နှစ်လရာသီ
တပတ်စိလို့
တခါ ပြန်ပနာ
ဆုံတွိကတ်ယာထော … ။
ချစ်သမီး
နင် လောကကြီးကို
ပထမဦးဆုံး
‘သာစွလေပါ’
လို့ ပြုံးပြနှုတ်ဆက်ခရေနိ
အဘာအတွက်တော့ခါ
စာမျက်နှာ
၅၂၈ အသစ်တရွက် စဖတ်ခွင့်ရခရေနိ
ဒေနိမှာ …
သမီးချေ ပီးရေပိုင်
ဖလိုင်းကိ(စ) ဖော့ဖော့ချေနန့်
ဒေကဗျာကို
ရီးပီးလိုက်ယင့် … ။
ချစ်သမီး
နင်တော့ခါ
ဇာသိဖို့လေး
နင်စွာ ပုပ်သိုး
အီးစက်နီရေ နှလုံးသားတစုံကို
အကြင်နာ မေတ္တာတရား
သင်း ထုံ မွှီး ကြိုင်စီယောင်
နင့် မပီတပီ
စကားလုံးချေတိက နှိုးဆွပီးလိုက်တေ … ။
ချစ်သမီး
နင်စွာ ဆွံ့
အ နားမကြားရေ လောကပါလတရားကို
ရဲရင့်ပြတ်သားရေ နှလုံးသွီးသားနန့် ရင်း
မကြောက်တရားတေးသံသာနန့်
စစ်ခင်း
သူ့ကို
နင် တရားစကား
ပြောခိုင်းဖို့ဆိုစွာ
နင့် စူးယှရေ
မျက်လုံးတိက သက်သီလိုက်ပီးနီကတ်တေ … ။
ချစ်သမီး
နင်စွာ ဒီစမ်ဘာဆောင်းအအီးဒဏ်ကို
ဖြတ်ကျော်ဖို့
မိဖနှလုံးအိမ်မှာ
ကျိပက်ခတ်အနုပညာနန့် အနွီးဓာတ်ဖန်တီး
မိဖရင်ခွင်ကို
ပျော်ပျော်ရွှင်ရွှင် ယိုင်းယင်လုပ်စီးယင်း
ကန္တာရမြို့ပြ
အလယ်မှာ
၃၆၅ ရက် ဆိုရေ
အချိန်ကာလတခု
နင် လက်ယပ်ပြ
ပြုမူနှုတ်ဆက်တေ အတိုင်း
ဘိုင်း ဘိုင် လို့ ပြောလားခယာ မလားယေ … ။
ချစ်သမီး
ဒုက္ခ နန့်
သုခ ဆိုစွာ သမီးယောက်ဖ
နင် လောကဓံတရား
အတုံ့အလှည့်အောက်မှာ
ထာဝရ ပြုံးပြ
ရင်ဆိုင်နှိုင်ပါစီနှန်း … ။ ။
ခိုင်ထွီး
04/12/2016
No comments:
Post a Comment