သာစွလေ နန့်
သာလီစွ
“သာစွလေ” နန့် “သာလီစွ”
ဆိုရေ စကားစုချေတိကို ရခိုင်အချင်းချင်း နှုတ်ဆက်စကားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလှာကတ်ပါရေ။
ဒေအသုံးအနှုန်းချေတိစွာ ရခိုင်ရို့ဘာသာစကားနှလုံးအိမ်အတွက် နွီးထွီးလားစီရေ ယဉ်ကျေးသိမ်မွိရေ
နှုတ်ဆက်စကား အမှန်ပင်ဖြစ်ပါရေ။ တချို့က သာစွလေကို သုံးကတ်ပါရေ။ နောက်တချို့က သာလီစွကို
သုံးကတ်ပါရေ။ ယင်းပိုင်သုံးနီကတ်ယင်း သာစွလေ နန့် သာလီစွ ချစ်သူခင်သူရို့ကြား အငြင်းပွားစရာ
ပဋိပက္ခချေတိ ဖြစ်လှာစွာကို တွိရပါရေ။
တချို့က
“သာစွလေ” ကရာ နှုတ်ဆက်စကားအဖြစ် သင့်တော်ရေ။ နောက်တချို့က “သာလီစွ”
ကရာ နှုတ်ဆက်စကားအဖြစ် သင့်မြတ်တေ။ ယင်းပိုင် အဖမ်း နန့် အခံ အပြန်အလှန် ကျင်ကိုင်နီရေကြားမှာ
ကျားကန်ပနာ ဝင်လို့ ဒိုင်လုပ်နှိုင်လောက်တေ အစွမ်းတော့ခါ မဟိပါ။ ယေကေလေ့ စကေချေလောက်
တိုင်ပင်ကြည့်ပါမေ။
“သာစွလေ” ဆိုရေ ဝေါဟာရကို ရခိုင့်သာစွလေလင်္ကာမှာ
အစောအလျင်ဆုံးတွိရစွာ ထင်ပါရေ။ ရှိအယင်က ရခိုင်ဘုရင်ရို့ ကြီးကျယ်ခမ်းနားခစွာတိကို
စပ်ဆိုခရေ ထင်ရှားရေ လင်္ကာဖြစ်ပါရေ။ “ရခိုင်သာယောင့်၊ သာယာစွလေ၊ သာစွလေ၊ ရခိုင်သားလေ၊
သာစွလေ။” ဆိုပြီးကေ တပိုဒ်စီကို အဆုံးသတ်ထားပါရေ။ အသျှင်ဇယန္တဗောဓိ(ပန်းအောင်)
ရီးသားရေ စာတိမှာလေ့ “သာစွလေ” နန့် နှုတ်ဆက်ပနာစီ အဆုံးသတ်ထားစွာကို
လတ်ပြုမိပါရေ။ အရာ ရခိုင်စာပီ လိလာလိုက်စားရေ ကလောင်သျှင်တချို့လေ့ “သာစွလေ”
လို့ အထွတ်တမြတ် အသုံးပြုလှာကတ်စွာကို တွိရပါရေ။
“သာလီစွ” ဆိုရေ ဝေါဟာရကို ရခိုင်တေးခြင်းတိမှာ
စလို့ အသုံးပြုခကတ်တေလို့ ထင်ပါရေ။ “ထိန်းသိမ်းသင့်ဗျာလ်”
ဆိုရေ တေးခြင်းမှာ “သာလီ သာလီစွ” လို့ ဆိုထားပါရေ။ “သာလီစွ ငါရို့လခြမ်းမြီ”
ဆိုရေ တေးခြင်းမှာ “သာလီစွ ငါရို့လခြမ်းမြီ” လို့လေ့ ဆိုထားပါရေ။ အရာလေ့ “သာလီစွ”
လို့ ဂေါင်းစဉ်တိနန့် တေးခြင်းဆိုကတ်စွာတိ၊ စစ်တွေက “သာလီစွ ပညာဒါန”၊
“သာလီစွ ထမင်းဆိုင်” နန့် အရာလေ့ “သာလီစွ”
နာမည်တိကို အသုံးပြုလှာကတ်စွာကို တွိရပါရေ။
“သာစွလေ” နန့် “သာလီစွ”
နှစ်မျိုးစုံလုံးကို အဆုံးသတ်စကားလုံးအဖြစ် အသုံးပြုထားကတ်စွာတိကို တွိရပါရေ။ “သာစွလေ”
မှာ ပါရေ အဆုံးစာလုံး “လေ” စွာ အမီးအမြန်းတိမှာ အသုံးများပြီးကေ
ညှိနှိုင်းပြောဆိုစွာတိမှာလေ့ သုံးနှုန်းစွာတိကို တွိရပါရေ။ ဂုလေ့ “သာစွလေ”
ဆိုရေ နှုတ်ဆက်စကားစွာ အမီးအမြန်း၊ ညှိနှိုင်းပြောဆိုရေပိုင် သက်ရောက်ပါရေ။ “သာစွလေ”
အဓိပ္ပာယ်ကို “သာယင့်လား၊ မာယင့်လား”၊ “သာယင့်မလားနှန်း၊ မာယင့်မလားနှန်း”
ဆိုပြီးကေ ဖွင့်ကေ ဖြစ်နှိုင်ပါဖို့ရာ။
“သာလီစွ” မှာ ပါရေ အဆုံးစာလုံး “စွ”
စွာ ဖြီဆိုမှု၊ ထောက်ခံမှုကို ပြစွာတိမှာ အသုံးပြုစွာကို တွိရပါရေ။ ကောင်းစွ(ကောင်းလီစွ)၊
သာစွ(သာလီစွ) ဒေပိုင် အသုံးတိကို တွိရပါရေ။ ဥပမာ- “မာယင့်၊ သာယင့်လား။”
“မာယင့်(စွ)၊ သာယင့်(စွ)။” လို့ ဒေပိုင် ဖြီဆိုစွာတိမှာ တွိရပါရေ။
“ဝေး … မရီး လောင်ပေါ် ပေါက်တေလတ်။” “ကောင်းလီယင့်(စွ)။”
လို့ ဒေပိုင် သုံးနှုန်းတိကို တွိရပါရေ။
ယေကေ “သာစွလေ”
နန့် “သာလီစွ” မှာ ဇာစာလုံးက နှုတ်ဆက်စကားဖြစ်သင့်လေဆိုစွာကို ဖြည့်စွက်ပနာ
တိုင်ပင်ကြည့်ကတ်ပါလေ။
ခိုင်ထွီး
No comments:
Post a Comment