Sunday, 24 July 2016

ညည့်ပန်း

မဟူရာ ညည့်
တော်မဝင်ရေ ညည့်
မာလာရနံ့ကင်းရေ ညည့်
တဏှာရာဂတိ အုပ်စိုးရေ ညည့်
အလှတရားတိ မတရားသိမ်းပိုက်ခံရရေ ညည့်
တထွာသမုဒ္ဒရာ အလယ်မှာ နှစ်မြှုပ်ခံရရေ ညည့်
သူ့အကြည့်ကို ချိုသာရေ အပြုံးထုတိနန့် ရက်လုပ်
ညင်သာရေ စကားလုံးတိနန့် အနားကွပ်ထားရေ
ထိုမှာ ... အသံတသံ
"ပန်းဝယ်ပါဖို့လား ပန်းဝယ်ပါဖို့လား" ... ။

ပန်းလှိုင်းကို ဖြီကြည့်မိရေ
ပန်းတကာပန်း ကန်ကမကန်
ညှိုးနီရေ ပန်း
နွမ်းနီရေ ပန်း
မှိုင်နီရေ ပန်း
ငိုင်နီရေ ပန်း
ယင်းပန်းရို့ အနိဌာရုံတိပါးမှာ
တရားဓမ္မတိ ထိုင်ငိုပနာ တရားရှာလို့ ... ။

ယင်းပန်းတိ ပွင့်ချပ်လွှာထက်မှာ
ကာလာစုံနာမည် ကိုယ်စီနန့် တင့်လို့ တယ်လို့ ... ။

ကိုယ့်ရင်ဖတ်ကို ကိုယ် ဖနောင့်တိုက်ယင်း
တပွင့်ချင်းစီနာမည်ကို ကြည့် ဖတ် ဖြစ် တေ
သဇင်
ခွာညို
ဇီသဝါ
ရိုးလှသန္တာ
ထိုပန်းဒေပန်း ပန်းရောင်စုံရို့ အပြိုင်အဆိုင်
ယင်းအထဲမှာ "ကဗျာ" လို့လေ့ ပန်းတပွင့် ... ။

ပန်းကမ္ဘာထဲမှာ တအံ့တသြ ငေးမောကြည့်နီခိုက်
ယှိုက်ငိုနီရေ မာယာလီညင်းသံရို့ နောက်ကွယ်က
အရာ အသံတသံ နားထဲကို ဝင်ရောက်ပါလတ်တေ
"အကျွန့်နာမည်အရင်း သစ္စာပန်း ပါ" ... ။

ခိုင်ထွီး

No comments:

Post a Comment