သူ့ကဗျာ
သူစွာ ...
ရိုးရာနှလုံးသားတစုံနန့်
ရာသီပေါ်အစားအသောက်တိကို ခြီငံရေအကြောင်း
သူ့လီယှူသံတိကို ကြားဖူးရေ နားတိကို မီးကြည့်ပါ ... ။
သူ့မှာ ...
ကိုယ်ပိုင်နံပါတ်တခု
ကိုယ်ပိုင်ဖိနပ်တရံ
ကိုယ်ပိုင်ထီးတဆောင်
သူ့ပိုင်ဆိုင်မှုအမှတ်အသားဆိုလို့ ဆုပ်ကိုင်ပြစရာ
လုံးဝ(လုံးဝ) မဟိကြောင်း
သူ့ထောက်ခံစာနန့် သူ အာမခံထားပါရေ ... ။
သူ့ရှိမှာ ...
နောင်တတရားတိအတွက် မတောင်းပန်ပါကေ့
ဂေါင်းငုံ့ပနာ ဝမ်းနည်းမျက်ရည်စက်လက်နန့် ရှိမခိုးပါကေ့
ပွင့်ချပ်တရာစီသထားရေ ပန်းခွီနန့်လေ့ လားမပူဇော်ပါလီကေ့ ... ။
သူ့အသည်းညွှန့်ဖူးထိပ်က စိမ့်ဖြာထွက်နီရေ
သူ့ခြီရာသဏ္ဌာန်အငွိအသက် အကြွင်းအကျန်ချေကို
အချိန် ၅-စက္ကန့်လောက်ရသိကေ
အောင့်လို့ တယှိုက်လောက် ယှူကြည့်ခပါပလင် ... ။
ခိုင်ထွီး
No comments:
Post a Comment