Friday, 25 April 2014


ဘဝတခုဧ့ ဝိညာဉ်သမိုင်း

အဘာ.....
အနွံအတာဒဏ်ခံနီရေ လောကဓံထဲမာ
လက်တို့နှုတ်ဆက်ဖို့ အချိန်မရဘဲ
လမ်းခွဲပွဲ ဆင်နွှဲလားခရေအခါ

 သောကခွဆုံက ဘဝဒုက္ခသည်အဖြစ်
သမုဒ္ဒရာဝမ်းပြဿနာနန့် ကျင်ကိုင်နီရလို့
ဆွဲဖူးခရေအကြံ မှောက်ခုံကျွမ်းပြန်
နိဒါန်းမစသိရေသမိုင်း နောက်ခိုင်း
ရီမွတ်နီရေ ကန္တာရလူသားတယောက်
အညောင်းဖောက် အနိစ္စရောက်လားကေလေ့
အဘာပီးခရေနှလုံးသွီး မခြောက်သွိသရွိ
ရက်စက်မှုတိကို သုတ်သင်ဖို့ အားဆီးအဖြစ်
ညည့်သိုင်ခေါင်ကိုဖြတ် အလင်းမငတ်ရယောင်
နက်ဖြန်တိမာ အလံထူဖို့ မျက်ဝန်းပျိုချေတိကို
သမိုင်းဝိညာဉ်အသက်ဆက် လမ်းပြခွင့်ပီးပါ..... အဘာ။

အမင်.....
မဆမဘဝကို ရင်နာလို့လားမဆိုနှိုင်ယာ
နီရောင်သစ်ကိုဦးစားပီး လမင်းဗြီးလားရေခါ
ပြည်တရွာအပြင်မာ ကျွန်ခံပနာ
မွီးမိခင်ကို အတင့်ကြည့်လို့မဝသိရေသား
ရင်နှစ်ပိုင်းကျိုးပနာ သီလားခရေရာဇဝင်
အလွမ်းသောင်ပြင်မာ မျက်ရည်မိုးဖြိုး
အညာရီပေါက်ယောင် ကြိုးခရေအဖြစ်
ဒုက္ခိတမြစ်မာ ကမ္ဗည်းထိုးဖူးခလီယင့်။

မညီညာရေ ကမ္ဘာ့မြီပြင်တနီရာက
ကွိကောက်နီရေ သောင်းပြောင်းလမ်းထဲမာ
စခန်းသစ်ထူချင်ရေ ဇမ္ဗူမာယှားပါးဆန္ဒ
အနာဂတ်ကောက်မျိုး မညှိုးချင်ရေစိတ်နန့်
မွီးမိမာတာကို လက်ဆယ်ဖြာထိပ်မာမိုး
အမင့်နို့ရည်အားနန့် မျိုးဆက်တိကိုအသက်သွင်း
ကြင်းလို့မြင်နှိုင်ဖို့ သမိုင်းလဆန်းတရက်အတွက်
သွီးဝိညာဉ်ကိုရင်း ခရီးဆက်လမ်းခင်းခွင့်ပြုပါ.....အမင်။

ဥက္ကာမင်း

No comments:

Post a Comment