Sunday, 13 April 2014

သင်္ကြန်ဆုတောင်း

အို ... ဟေမန်အနှောင်း
တပေါင်းကုန်နွမ်း၊ တန်းခူးဆန်းတိုင်း
အလွမ်းမပြီ၊ နီမင်းကြွီဆင်း
ဧပြီဆယ့်လေး၊ တွေးပူဆွေးတွင်း
လှူပွဲခင်းကျင်း၊ ဆုတောင်းယင်းရာ
တာသင်္ကြန်ဗြီး၊ သျှစ်နှစ်ဝီးကြာ
ရင်မီးလေ့ဖြာ၊ လက်ဆယ်ဖြာမိုး
ငြိမ်းရာဘုံသို့၊ ရှိခိုးပါယင့်။

အို ... နှစ်ဦးဂိမှာန်
သင်္ကြန်ရခိုင်၊ ကိုယ်ပိုင်မူဟန်
သဏ္ဌာန်မပျက်၊ စဉ်ဆက်ရိုးရာ 

 မြင်မာထူးဆန်း၊ လတန်းခူးပွဲ
ဆင်နွှဲအတာ၊ သာယာကြည်နူး 

ပျော်မြူးကျန်းမာ၊ ဘယာဝီးကွာ
ကမ္ဘာရင်အီး၊ နွီးထွီးနှိုင်စီ
သာစီမာကြောင်း၊ ဆုတောင်းပါယင့်။

ခိုင်ထွီး

14 /04 / 2014

No comments:

Post a Comment