Friday, 25 April 2014

ချစ်နှမချေ သိစီချင်

ရက္ခိုင်နာမ
ဘွဲ့မည်လှဖို့ 
 ဒေအမောင် ရက္ခိုင်သား
ကျားကျားလျားလျား
 ယောက်ျားပီသ
ဘဝကိုရင်း
သွီးနန့်ခင်းပျာ
သားကောင်းဇာနီအဖြစ်
ခရီးနှင်လိုက်ပါမေ နှမချေ...။ 

 ဒေဝဠာတခွင်မာ
ရက္ခိုင်...
...ရက္ခိုင်...
......ရက္ခိုင်...လို့ 
 ပြည်မဏ္ဍိုင်ကြီးထူသံ
ဗဟိုစည်တီးသံအလား
 သောင်းသောင်းညံလားယောင်
 မောင်ကြီးနားမာ
မပန်ဆင်နှိုင်ခကေလေ့
 နောင်လာနောင်သားတိ
 မောင်ကြီးရို့ အော်သံ
 ပြန်ဟပ်သံအဖြစ်
ကြားခစီချင်ပါသိရေ နှမချေ...။

 ဒေအာရက္ခမြီမဟီ
မကြီလီသရွိ
 မောင်ကြီးမသီပါ နှမချေ
မငိုလီပါကေ့...
...မပူပင်လီပါကေ့...
......မဆွေးလီပါကေ့...
ကံဇာတာမကောင်း
သမိုင်းသစ်လောင်းဖို့
အနာဂတ်လမ်းကြောင်းမာ
ဘဝပြောင်းလားကေတောင်
 နှမချေကိုချစ်တေ
 မောင်ကြီးအချစ် မဟောင်းစီရပါ...။

အရုဏ်တက် ရောင်နီလာစ
ရက်ရာဇာတရက်မာ
 နှမချေကို ချစ်တေဇောနန့်
ချစ်နှမကေသာမာ ပန်ပီးဖို့
သဇင်ဖြူချေတခက်
 မောင်ကြီးလက်နန့် ဆွတ်ပနာ
 နှမချေဟိရာ အရပ်သို့
ဝိညာဉ်နန့်အသက်ဆက်
အရောက်ဆက်သလှာပါမေ
အမုန်းမဖက်တေ နှလုံး
 ဖြူစင်သန့်ယှင်းရေ အပြုံးလှနန့်
စိတ်ချလို့ရာ မျှော်နီပါလီ နှမချေ...။

ဥက္ကာမင်း

ဘဝတခုဧ့ ဝိညာဉ်သမိုင်း

အဘာ.....
အနွံအတာဒဏ်ခံနီရေ လောကဓံထဲမာ
လက်တို့နှုတ်ဆက်ဖို့ အချိန်မရဘဲ
လမ်းခွဲပွဲ ဆင်နွှဲလားခရေအခါ

 သောကခွဆုံက ဘဝဒုက္ခသည်အဖြစ်
သမုဒ္ဒရာဝမ်းပြဿနာနန့် ကျင်ကိုင်နီရလို့
ဆွဲဖူးခရေအကြံ မှောက်ခုံကျွမ်းပြန်
နိဒါန်းမစသိရေသမိုင်း နောက်ခိုင်း
ရီမွတ်နီရေ ကန္တာရလူသားတယောက်
အညောင်းဖောက် အနိစ္စရောက်လားကေလေ့
အဘာပီးခရေနှလုံးသွီး မခြောက်သွိသရွိ
ရက်စက်မှုတိကို သုတ်သင်ဖို့ အားဆီးအဖြစ်
ညည့်သိုင်ခေါင်ကိုဖြတ် အလင်းမငတ်ရယောင်
နက်ဖြန်တိမာ အလံထူဖို့ မျက်ဝန်းပျိုချေတိကို
သမိုင်းဝိညာဉ်အသက်ဆက် လမ်းပြခွင့်ပီးပါ..... အဘာ။

အမင်.....
မဆမဘဝကို ရင်နာလို့လားမဆိုနှိုင်ယာ
နီရောင်သစ်ကိုဦးစားပီး လမင်းဗြီးလားရေခါ
ပြည်တရွာအပြင်မာ ကျွန်ခံပနာ
မွီးမိခင်ကို အတင့်ကြည့်လို့မဝသိရေသား
ရင်နှစ်ပိုင်းကျိုးပနာ သီလားခရေရာဇဝင်
အလွမ်းသောင်ပြင်မာ မျက်ရည်မိုးဖြိုး
အညာရီပေါက်ယောင် ကြိုးခရေအဖြစ်
ဒုက္ခိတမြစ်မာ ကမ္ဗည်းထိုးဖူးခလီယင့်။

မညီညာရေ ကမ္ဘာ့မြီပြင်တနီရာက
ကွိကောက်နီရေ သောင်းပြောင်းလမ်းထဲမာ
စခန်းသစ်ထူချင်ရေ ဇမ္ဗူမာယှားပါးဆန္ဒ
အနာဂတ်ကောက်မျိုး မညှိုးချင်ရေစိတ်နန့်
မွီးမိမာတာကို လက်ဆယ်ဖြာထိပ်မာမိုး
အမင့်နို့ရည်အားနန့် မျိုးဆက်တိကိုအသက်သွင်း
ကြင်းလို့မြင်နှိုင်ဖို့ သမိုင်းလဆန်းတရက်အတွက်
သွီးဝိညာဉ်ကိုရင်း ခရီးဆက်လမ်းခင်းခွင့်ပြုပါ.....အမင်။

ဥက္ကာမင်း

Sunday, 13 April 2014

သင်္ကြန်ဆုတောင်း

အို ... ဟေမန်အနှောင်း
တပေါင်းကုန်နွမ်း၊ တန်းခူးဆန်းတိုင်း
အလွမ်းမပြီ၊ နီမင်းကြွီဆင်း
ဧပြီဆယ့်လေး၊ တွေးပူဆွေးတွင်း
လှူပွဲခင်းကျင်း၊ ဆုတောင်းယင်းရာ
တာသင်္ကြန်ဗြီး၊ သျှစ်နှစ်ဝီးကြာ
ရင်မီးလေ့ဖြာ၊ လက်ဆယ်ဖြာမိုး
ငြိမ်းရာဘုံသို့၊ ရှိခိုးပါယင့်။

အို ... နှစ်ဦးဂိမှာန်
သင်္ကြန်ရခိုင်၊ ကိုယ်ပိုင်မူဟန်
သဏ္ဌာန်မပျက်၊ စဉ်ဆက်ရိုးရာ 

 မြင်မာထူးဆန်း၊ လတန်းခူးပွဲ
ဆင်နွှဲအတာ၊ သာယာကြည်နူး 

ပျော်မြူးကျန်းမာ၊ ဘယာဝီးကွာ
ကမ္ဘာရင်အီး၊ နွီးထွီးနှိုင်စီ
သာစီမာကြောင်း၊ ဆုတောင်းပါယင့်။

ခိုင်ထွီး

14 /04 / 2014

Wednesday, 9 April 2014

ကဗျာ

သူဧ့နာမ
ဂုဏ်ဒြပ်က
ကဗျာ...
ကဗျာလတ် ... ။

ကဗျာဆိုစွာ
ဗြန်းစိကာရ
ချင်ဆီပျင်ဖြဲ
ကွဲ,ပြဲ,ဝေးသတ်
အချေကစပ်တေ
သီနတ်မဟုတ် ... ။


ကဗျာဆိုစွာ
စိတ်အာရုံဥယျာဉ်ထဲမှာ
ဈာန်ဝင်စားရေ
နှလုံးသွီးတစက် … ။

ကဗျာဆိုစွာ
ကမ္ဘာရွာက
နျူးကလီးယားမီး
ငြိမ်းအီးစီရေ
စမ်းရီအီးလက်နက် ... ။

ကဗျာဆိုစွာ
သူ့ ဟန်,မာန်,သဏ္ဌာန်နန့်
ဂန္ထဝင်ခရီးလေ့ဆက်
စက္ကန့်ထက်လျင်ယောင်
ဖူး,ပွင့်,ရနံ့ရို့ဝီဆာပြီးကေ
ဆန်း,သစ်,မွှီး,ကြိုင်နီရေ
ဆယ့်နှစ်ရာသီလန်း
ဒေ...
ဒေပန်း...
ဒေဗဟုပန်းအပေါင်းကို...
ကဗျာပန်းလို့ ခေါ်ရေလတ် ... ။

ခိုင်ထွီး