Wednesday, 6 November 2013

နဒီလေးစင်း စီးဆင်းသံ

လေးစင်းနဒီ၊ ရီကြိုင်သွယ်စီး
ကြီှးလှမေတ္တာ၊ ဖြာဝီသာစွ
အများသျှင်လူ၊ ယူငင်သုံးဖြုန်း
ပြုံးမြဲနှလုံး၊ မုန်းမငြိုငြင်
မြင်သူပီတိ၊ ဂွမ်းဆီထိယောင်
သတိရှိထား၊ ရိုးတောင်အားနန့်
မားမားကမ်းခြီ၊ သန္တာမြီက
ဝတီလေးရပ်၊ သွီးစည်းကတ်ဖို့
ရင်ဖတ်သံစဉ်၊ နုပျိုလှိုင်ထွား
မြိုင်ဆိုင်တေးသံ၊ သောသောညံလို့
ဇွဲမာန်လှိုင်းရို့ ၊ နိုးထဖို့တွက်
ငါရို့ ပြိုင်တူ၊ နိုင်ရာကူယင်း
နီပူကျာကျာ၊ ထီးမပါလေ့
ကြာကြာစီးမြဲ၊ စီးနီဆဲ။

အော်.....
ဒဏ္ဍာရီသွင်၊ ကြင်ကြင်မြည်စီး
ထီးသုဉ်းနန်းပြန်၊ ဂန္ထဝင်မြီ
ရီပြင်မက၊ ဝေဟင်မကျန်
တစချင်းထုတ်၊ ရီမုံနှုတ်ပိတ်
မှန်ဟုတ်တရား၊ အလားလားနန့်
ကြိုင်းတွားဘဝ၊ ဝဋ်ဒုက္ခခံ
ဓမ္မတာကို၊ ဇရာအိုရို့ 
ပြုံးငိုအသွင်၊ သီမင်းဂွင်မာ
အရှင်ငရဲ၊ မျက်ရည်ဝဲပျာ
ငမွဲဒဏ်ရာ၊ ရင်နာနာနန့်
ကြင်နာမွှီးပန်း၊ ပင်တိုင်းလန်းလို့
မြန်းဆန်းဝီဆာ၊ ပြည်သာယာဖို့
မျှော်ကာတွေးယင်း၊ ကြံဆယင်းပင်
စီးဆင်းနီယင့်၊ စီးနီယင့်။


ခိုင်ထွီး

No comments:

Post a Comment