Monday, 14 October 2013


သျှ၊ ယှ(sha) နန့် လျှ၊ ချ(cha)ရို့ ကို အတွက်ခံကြည့်ခြင်း

                   အကျွန်ရေ ဒေအကြောင်းအရာတိကို အတွက်ခံမိစွာ အင်တန်ကြာပါယာ။ ယေကေလေ့ ကောင်းရီးချင်စိတ်မဟိခပါ။ အယင်တရက်နိ့က ဆရာနောင်ခိုင်ပြည် "သျှစ်"ကိစ္စနန့် ပတ်သက်ပနာ စထားရေ ပို့စ်တခုကို ဖတ်လိုက်ရရေခါ အရာလေ့ထပ်လို့ အတွက်ခံဖို့ အခွင့်အရီးလမ်းစကို အသက်သွင်းပီးပစ်တေပိုင်ဖြစ်လားပါရေ။
                   ယေခါ "(သျှ)သျှစ်"ကိုစလို့ ပြန်အတွက်ခံဖြစ်ပါရေ။ အဆက်ကျလို့ သင်ရိုးမာ "ရှစ်" က "သျှစ်"အဖြစ် လက်တွိပြောင်းလားခစွာချေတခုကိုပါ တခါတည်းပြောခပါဖို့ယာ။ ရခိုင်ဖတ်စာပေးဂ်ျမာ ရခိုင်ဖတ်စာသင်ရိုးမာပါရေ အရွေ့ သာခြင်းချေတိ တပုဒ်စ၊ နှစ်ပုဒ်စရောက်ခါစ ဗုဒ္ဓပူဇနိယ ယိမ်းသာခြင်းမာပါရေ "(ရှစ်)တန်အရိယ"ကို မူရင်းအတိုင်း တွိကတ်ရရေခါ အစ်ကို"ကျော်ကျော်၊ နောင်ခိုင်ပြည်၊ ခိုင်မင်းဇံ"နန့် အကျွန်ရို့ တစု "ရ-ရခိုင်သား ရမနိုင်ကား"ဆိုပနာ ယင်းပေးဂ်ျကိုလားလို့ ဝေဖန်၊ အကြံပီးခကတ်ပါရေ။ ယင်းပြီးကေ ကောင်းမကြာခင် အွင်လိုင်းထက်ကို သင်ရိုးစာအုပ်(PDF) တက်ပါလတ်တေခါ "(သျှစ်)တန်အရိယ"လို့ ပြန်ပျင်ထားစွာကို တွိလိုက်ရရေအတွက် အကျွန့်အနီနန့် အလွန်ဝမ်းသာပြီးကေ သင်ရိုးကော်မတီဧ့ ရဲဝံ့ပြတ်သားမှုကိုလေ့ ကောင်းချီးကျူးမိခပါရေ။ ယေကေလေ့ အကျွန်ရို့ တိ သင်ရိုးကော်မတီသို့ တင်သွင်းခရေ ဝေဖန်၊ အကြံပီး၊ မီးမြန်းရေ စာတမ်းတိကို ဒေဂုအချိန်ထိ သင်ရိုးကော်မတီအဖွဲ့ဝင် တဦးတယောက်ဧ့ ဖြီယှင်းချက်ပီးစွာကို မတွိမမြင်ရရေခါ ရီသောက်မွတ်လို့ အာခြောက်နီရေပိုင် ခံစားရပါရေ။ "သျှ"ကို ပြန်ဆက်ပါမေ။ အောက်သားရို့ မာ "ရှ"ကို (သျှ)အသံထွက်ကေလေ့ ရခိုင်ရို့ မာက ရသံကိုနိုင်နင်းရေ လူမျိုးဖြစ်တေအတွက် ရှ(ဟြှ)အသံရာထွက်ပါရေ။ (ခြွင်းချက်အနီနန့် ဒေဂုရခိုင်တိအင်တန်များများလေ့ အောက်သားအသံနောက်ကို လိုက်လှာစွာကို တွိဟိရပါရေ။ ဒေချင့်တိကို တည့်မတ်ယူလားကတ်ရဖို့ ဖြစ်ပါရေ။) ဥပမာ- အာ(ရှ)၊ (ရှစ်)၊ (ရှင်)ပြု၊ ပိုင်(ရှင်)၊ (ရှင်)ဘုရင်၊ အိမ်(ရှင်)မ အစဟိရေ ဒေပိုင်ဝေါဟာရတိ အရာလေ့မကန်ဟိပါသိ့ရေ။ ဒေဝေါဟာရစာလုံးပေါင်းတိစွာ ရခိုင်စကားအသံတိ၊ ရခိုင်ဘာသာဗေဒ နည်းလမ်းတိနန့် မကိုက်ညီရေအတွက် "ရှ"(rha)နီရာတိမာ "သျှ"(sha)နန့်  အယင့်အယင်ကပင် ရခိုင်ဘာသာဗေဒဆရာကြီးတိ တက်စားထိုးခကတ်ပါရေ။ ယေခါ "အာသျှ၊ သျှစ်၊ သျှင်ပြု၊ ပိုင်သျှင်၊ သျှင်ဘုရင်"ဆိုပြီးကေ ဒေပိုင်ဖြစ်လားပါရေ။ ယင်းကြောင့် ဒေနိ့ခေတ်ရခိုင်စာပီကို လိလာလိုက်စားသူတိ လက်ခံသုံးစွဲကတ်တေအပြင် သင်ရိုးမာလေ့ ပြဌာန်းထားစွာကိုတွိရပါရေ။ သင်ရိုးမာဖော်ပြချက်အရ ရခိုင်ဗျည်းအက္ခရာ(၃၃)လုံးဖြစ်ပြီးကေ ဆရာမောင်စံဖော်ဧ့ "ရိုးမခေါ်သံ"စာအုပ်မာ "သျှ"ကို (သ)ယပင်းလို့ ဖော်ပြချက်တိအရ ဗျည်းအက္ခရာ မဖြစ်နှိုင်ပါဆိုကေလေ့ ဒေ"သျှ"ကို သံသယမကင်းဖြစ်မိစွာကတော့ အမှန်ပါ။ ဇာတွက်လေးဆိုပါကေ "သျှ"(sha)ကို စာလုံးမပေါင်းဖို့ မတတ်စွာကတကြောင်း၊ ရခိုင့်အက္ခရာ(၃၃)ထက် အပိုဟိလီဖို့လို့ နားသန်းနားဝါ ကြာဖူးနားဝင် ဟိဖူးစွာကတကြောင်းရို့ ကြောင့် ခခဲမွိ့နီရခြင်းပင်ဖြစ်ပါရေ။
                   နောက်တခုက "ရှ"(rha)ကိုပင် အောက်သားရို့ က "ယှ"(sha)အသံထွက်ကေလေ့ သူရို့ မာ ရီးမှန်ဖတ်သံကို လက်ကိုင်သုံးစွဲနီရေအတွက် "ရှ"လို့ရီးပြီးကေ "ယှ"လို့ဖတ်ကတ်ပါရေ။ ဥပမာ- "ရှားပါး၊ ရှင်းတမ်း၊ ရှူရှိုက်" အစဟိရေ ဝေါဟာရတိ အများကြီးဟိပါသိ့ရေ။ ယေကေလေ့ ရခိုင်ဘာသာဗေဒဆရာရို့ က ရီးမှန်ဖတ်မှန်ကို အတတ်နှိုင်ဆုံးလက်ခံသုံးစွဲကတ်တေအတွက် "ရှ" တက်စား "ယှ"ကို အသုံးပြုလှာကတ်ပါရေ။ ယေခါ "ယှားပါး၊ ယှင်းတမ်း၊ ယှူယှိုက်"ဆိုဗျာလ် ဒေပိုင်ဖြစ်လားပါရေအတွက် ရခိုင်ရို့ မူနန့် ကိုက်ညီလားပါရေ။ ယင်းတွက်နန့် ဒေ"ယှ"အသုံးကို ဒေနိ့ခေတ် ရခိုင်စာပီကို လိလာလိုက်စားသူတိပါးမာ ကျယ်ကျယ်ပြန့်ပြန့်တွိရရေပိုင် သင်ရိုးမာလေ့ ပြဌာန်းထားပါရေ။ ဒေ"ယှ"(sha)ကိုပါ စာလုံးပေါင်းလို့ အသံထွက်ဖို့မတတ်ပါ။ ယေကေလေ့ ရှိကဆရာ့ဆရာတိ အသုံးပြုလှာကတ်တေအတွက် ချကျွေးဖို့လူတိ မဟိရေခါ သိချင်ယင်းသားနန့် မသိရတတ်လို့ သံသယချေတိကို အကျိတ်အခဲလိုက်မျိုချပနာ ဒေနိ့ထိသုံးစွဲလှာလတ်ရပါရေ။
နောက်ထပ်တခုက ဒေအထက်မာဖော်ပြခရေ (သျှ၊ ယှ)ရို့ လောက် သံသယမဟိကေလေ့ (cha)သံထူးခြားချက်ချေ တချက်ကို အတွက်ခံကြည့်ရုံပါ။ ယင်းချင့်က "လျှ"(cha, hlaya) ဖြစ်ပါရေ။ ဒေ"လျှ"နန့် ဖွဲ့စည်းထားရေ စကားလုံးတိအားလုံးနီးပါးကို (cha, hlaya)လို့ ရခိုင် နန့် အောက်သား နှစ်တိုင်သားစလုံး သံတူထွက်ကတ်ပါရေ။ ဥပမာ- "လျှော့၊ လျှောက်"(cha)သံ နန့် "လျှမ်း၊ လျှင်"(hlaya)သံ  ဒေပိုင်အစဟိရေ စကားလုံးတိဖြစ်ပါရေ။ သူရို့ နန့်မတူရေ သီးခြားထူးခြားသံတခုက "လျှံ"ဖြစ်ပါရေ။ သူရို့ က (hlayan)လို့ အသံထွက်ပြီးကေ ရခိုင်ရို့ က (chan)လို့ ထူးထူးခြားခြား အသံထွက်လားကတ်ပါရေ။ စကားဆက်ကျလို့ "လျ"(ya, laya)ကိုပါ စကေတပွေချေ ထည့်ပြောခပါမေဖိ။ ဥပမာ- "အလျား၊ လျောင်းတော်မူ၊ ကျားကျားလျားလျား၊ လျော့" ဒေပိုင်(ya)သံ စကားလုံးတိ အရာလေ့မကန်ဟိပါဖို့။ ယေကေလေ့ တချို့ နီရာတိမာကျခါ "လျ"(laya)လို့ ထွက်စွာကိုရာတွိရပါရေ။ ဥပမာ- "သက်လျာ၊ သံလျက်၊ အလောင်းအလျာ" အစဟိရေပိုင် အရာလေ့(laya)သံထွက်တေ စကားလုံးတိ ဟိလီပါဖို့သိ့။ ဒေ"လ-သံ"က "ယ-သံ"အဖြစ် ပြောင်းလဲလှာစွာက "ရ၊ ယ၊ လ၊ ဝ"ရို့  ဆက်နွယ်မှုတိဟိလို့ဆိုပါဖိ။ (ဒေ"ရ၊ ယ၊ လ၊ ဝ"ရို့  ဆက်နွယ်မှုတိကို စိစိစုံစုံသိချင်ပါကေ "ဆရာခိုင်မင်းဇံ(ရခိုင်ပြည်) ရီးသားထားရေ ရခိုင်သား နန့် ရခိုင်စကား"စာအုပ်မာ ဖတ်ကြည့်နှိုင်ပါရေ။) "လျှ"ကိုကျခါ (cha)သံထွက်ယောင် အရာလေ့တခု ပေါင်းဖို့မတတ်ပြန်ပါ။ ယေကေလေ့ ခြွင်းချက်အနီနန့် ဒေ"လျှ"ကို (cha)သံထွက်ပြီးကေ (hlaya)အသံလေ့ ဟိသိ့ရေအတွက် သံသယမဟိပါ။
                   နောက်ဆုံးတခုက "ချ"(cha)ပါ။ ဒေချင့်ကို ကောင်းအထူးအထည် ပြောနီစရာလိုဖို့မဟုတ်ပါ။ ယေကေလေ့ ရခိုင်တိများကာစွာ "သျှ၊ ယှ"(sha)သံ နန့် "လျှ၊ ချ"(cha)သံကို မကွဲပြားကတ်ပါ။ အလွယ်နည်းနန့်သိဟိနှိုင်ယောင် ရခိုင်ကိုပြည်ကို လားမကြည့်ဘဲ ရခိုင်အဆိုတော်အသံတိကိုရာ သီချာနားထောင်ကြည့်ပါ။ ဝင်းကိုခိုင် တယောက်ရာ အလှပလှ (sha)သံ နန့် (cha)သံကို ကွဲကွဲပြားပြား ဆိုနှိုင်ပါဖို့ထင်ရေ(ခြွင်းချက်အနီနန့် နောက်အဆိုတော်တချို့ လေ့ ထွက်ချင်ကေ ထွက်တတ်ပါလိမေ)။ ဥပမာ- "ချစ်"ကို သူကတော့ ပီပီသသ "ချစ်"(chite)လို့ဆိုနှိုင်ပါရေ။ နောက်တချို့ အဆိုတော်တိက "သျှစ်(သျှိုက်)"(shite) ပစ်ကတ်ပါရေ။ ယင်းကြောင့်လေ့ တချို့ လူတိ စကားသံနောက်ကိုလိုက်ပနာ "ချစ်"ကို "သျှစ်၊ သျှိုက်" အမျိုးမျိုးပျင်နီကတ်စွာကို တွိနီရပါရေ။ နောက်တခုလတ်ပြုမိစွာက ဘာသာဗေဒ ဆရာကြီးအင်တန်များများစွာ "သျှေ"(shay)ကို သုံးကတ်ပါရေ။ ဇာတွက်လေးဆိုခါ ရခိုင်တိများကာစွာ "ချေ"(chay)ကို ပီပီပြင်ပြင် မထွက်တတ်လို့မည်သည် သုံးကတ်စွာဖြစ်ပါဖို့လားလို့ ယူဆမိပါရေ။ ယေကေလေ့ ရခိုင်စာပီကို လိလာလိုက်စားနီကတ်သူတိ "ချေ"(chay)ကို နောင်းနောင်းခိုင်ခိုင် စွဲကိုင်ထားကတ်တေအပြင် ဂုထွက်နီရေ သင်ရိုးမာလေ့ "ချေ"(chay) ထားစွာတွိရပါရေ။ ဒေနီရာမာ အဓိကပြောချင်စွာက (sha) နန့် (cha)ကို ကွဲပြားယောင် ရီးကတ်၊ ဆိုကတ်၊ ဖတ်ကတ်စီချင်ပါရေ။ ဒေချင့်တိကို အလီးအနက်မထားဘဲ ချင်ဆီပျင်ခြင်းဧ့ နောက်ဆက်တွဲက ဝေါဟာရဖောင်းပွမှုပါ။ ပြီးကေ တခြားလူမျိုးတိပါးမာလေ့ (sha) နန့် (cha)ကို မကွဲကတ်လို့ ရယ်စရာလေ့ ဖြစ်လားပါရေ။
                   နောက်ဆုံးပိတ်အနီနန့် ခြုံပနာပြောခချင်စွာကဆိုပါကေ အကျွန်သံသယဟိနီရေ "သျှ" နန့် "ယှ"ပင်ဖြစ်ပါရေ။ ဇာတွက်လေးဆိုခါ ဒေနှစ်လုံးမာ (sha)သံရာ ဟိရေအတွက်ကြောင့် ဖြစ်ပါရေ။ "ဟထိုး" ထည့်လိုက်ရုံနန့်ပင် (sha)သံအဖြစ် ပြောင်းလဲလားလီပါဖို့လား။ မဟုတ်ဘဲနန့် မဟာပညာကျော်ဖွင့်(font)မာ ထည့်ထားရေ "ဂသျှ၊ ပသျှ"ရို့ ပိုင် အရာလေ့ "sha"အက္ခတိဟိလီဖို့သိ့လား။ ဆရာကြီး ဒေါက်တာဧကျော်က မလေး(Malay)မာ ပြုလုပ်ခရေ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲမာ ရခိုင်တိမာလေ့ ပျူတိပိုင် "ဂသျှ၊ ပသျှ"ရို့ လေ့ ဟိလီဖို့ဆိုရေအကြောင်းကို စိတ်ထဲမာဟိနီရေလို့ သုံးသပ်ပြောဆိုလားပါရေ။ ပြီးကေ စာပီဆင်းသက်လှာပုံကိုလေ့ ရခိုင်ပြီးမှပျူ ပျူပြီးမှရာဗမာ ဖြစ်တေလို့ အသီအချာ ပြောလားခပါရေ။ ဆရာကြီးစကားနန့် ဆက်စပ်ကြည့်ဖို့ဆိုပါကေ ဖြစ်နှိုင်ခြီဟိစွာက ရခိုင်တိအသုံးမာ အများကြီးပါနီရေ ဒေ"သျှ"(သသျှ) နန့် "ယှ"(ယသျှ)ရာဖြစ်ပါဖို့လို့ အကျွန်စမ်းဖီယမ်းဖမ်း သရမ်းထပနာ အတွက်ခံထားခြင်းရာဖြစ်ပါရေ။ အကျွန်က ရခိုင်စာပီနန့် ပတ်သက်လှာကေ သစ်ရွက်အဆွီးချေ တရွက်လောက်တောင် မြီသြဇာမဖြစ်သိ့ဆိုစွာကို ရဲရဲဝံ့ဝံ့ဝန်ခံပါရေ။ အကျွန်ရီးထားစွာတိထဲမာ လောင်းအပေါက်က ရီတသောသောဝင်ရေပိုင် အမှားတသောသော ပါလီပါဖို့။ ယင်းအမှားတိကို အမှန်တိနန့် ဖာထီးပီးကတ်ဖို့စွာကို ကြိုဆိုပါရေ။ ရခိုင်စာပီအကြောင်းကို တတ်ကျွမ်းရေ ပုဂ္ဂိုလ်တိအားလုံးသူကိုလေ့ အပြုံးမပျက်တေ နွီးထွီးရေလက်ချေတိ ကမ်းလှမ်းပနာ ဖိတ်ခေါ်လိုက်ပါယင့်။

ရခိုင်စာပီ နီလတမျှ ထွန်းပနှိုင်ပါစီ။


ခိုင်ထွီး

No comments:

Post a Comment