တိုင်းဓည
ဘုန်းမီးနီလ၊ လျှံတောက်ပစွာ
မာရယုမင်း၊ သကျဆင်းနွယ်
ယှင်းလင်းရန်ပေါင်း၊ အောင်ပွဲလောင်းကာ
သောင်းဖျပြည်သူ၊ နန်းစိုက်ထူခ
ဇမ္ဗူအလား၊ ပုဇွန်သားငါး
စပါးဆန်ရီ်၊ ပေါပြည့်လီလို့
ရွှီပြည်ဓည၊ ခေါ်တွင်ခရေ။
တလီထွန်းခ၊ သူရိယကား
ဘုရားပွင့်သိ၊ ကြားရဘိ၍
မဇ္ဈိမက၊ တိုင်းဓညသို့
မနောဓိဌာန်၊ ပွင့်ဖိတ်ခံခါ
ခြွီရံရဟန်း၊ ငါးရာဝန်းကာ
ပျံသန်းခရီး၊ ပြသာဒ်စီးပျာ
ကြီးမြတ်ဗုဒ္ဓ၊ ကြွချီခရေ။
ဘုမ္မိရက္ခ၊ လခြမ်းလှတွင်
ဗုဒ္ဓဘာသာ၊ ထွန်းကားလှာယောင်
ကောင်းရာလျှောက်ထား၊
ထိုစကားကြောင့်
ဘုရားကိုယ်စား၊ မုနိပွားအား
တည်ထားပူဇော်၊ နတ်လူပျော်ကာ
ဖူးမျှော်အထွတ်၊ ကိုးကွယ်ကတ်လို့
မြတ်သာသနာ၊ ရွှီရောင်ဖြာလျက်
စာတီပုထိုး၊ ဆပွားတိုးခ
ရိုးသားဌာနီ၊ ဓညမြီကား
သာလီစွလေ၊ သာစွလေ။
No comments:
Post a Comment