ကူဝိတ်
နင်စွာ
ငါ တခါလေ့သော့
မကြားဖူး မမြင်ဖူး
လုံးဝတစိမ်းဆန်ခရေ
လင်ကွာအပျိုမချေတယောက် ... ။
နင်စွာ
နိတိုင်းဆိုရေပိုင်
ကောင်းကောင်း အပူကြီးရေ
တနားနီကေ
ကပ်စိကပ်စိ ချွေးထွက်တေ
အရာ တနားနီကေ
ကြောင်ချီးလူးနီပြန်ယာ
တခါတရီ ရာသီပြောင်းကေ
မိုးကျောက်အကြွီချေတိ ပန်လို့သိ
အလှပလှ ချင်ဆီမှော်ဆန်ပြရေ
ကဝေမချေတယောက် ... ။
နင်စွာ
ကမ္ဘာမြီကြီးနန့် အလွမ်းသင့်လို့
သူက နင့်ကို ကြော့လို့မော့လို့ အလှဆင်ပီးရေ
ယေကေလေ့
နှလုံးခုန်နှုန်းတိ ဟန်ချက်မညီ
ဦးနှောက်အာရုံကြောတိ တဆတ်ဆတ်ကျဉ်း
အသွီးအသားတိ သက်မဲ့ဆန်နီရေ
ကျအာသီးမချေတယောက် ... ။
နင်စွာ
လူမြင်ကွင်းမှာ
ဂေါင်းကပင် ခြီတဆုံး
ရိုးရာဝတ်စုံနန့် ဖုံးလို့ကွယ်လို့
ဣန္ဒြေအပြည့်နန့် မိမဆန်ပြရေ
လင်းပြန်တက်မချေတယောက် ... ။
နင့်ယဉ်ကျေးမှုနန့် နင်ရာ
နင် ငါ့ကို ချစ်ချင်ချစ် မုန်းချင်မုန်း
ငါ့ဖက်က
လူ့ယဉ်ကျေးမှုအရ
အပြုံးသဟဇာတ ဖြစ်ထွန်းနီဖို့စွာရာ
ပြီးကေ...
နင့်ကို ငါ
မချစ်ကေလေ့ အောင့်လို့နမ်းနီရေ ... ။ ။
No comments:
Post a Comment