ပြာသိုလကွယ်
ရခိုင်နိုင်ငံတော်မှာ
အယင် ၂၃၃ နှစ် က
ဖိုး ဖီး ဇူ ဇာ ရို့သွီး
ပင်လယ်ကြီးတခုပိုင် အိုင်ခတ်
ရဟန်း သျှင် လူ အပေါင်းရို့ အသက်တိစွာ
ပါရဲဖ မက္ကလာ အောက်မှာ
အမှောင်ထုလွှမ်းပနာ
လလေ့ ကွယ် ပြည်လေ့ ဆုံးပါးခလီရေ ... ။
ပြည်-ထောင်-စု ထဲက
အခြမ်းခြမ်းပဲ့ကျနီရေ လခြမ်း
အသက်ယှူမွန်းကျပ်လို့
အတိတ်ကို လွမ်းစွာ ဆန်းလာ
အော် ...
လွမ်းသံ
ဆုတောင်းသံ
အမျှဝီသံတိ
အရာတဖန် သွီးညှီနံ့တိ သင်းလို့ထော
ဒေကြယ်မမြင် လမမြင်ရေညည့်စွာ
နှစ်ဆမှောင်မိုက်လားခယာ မလားယေ ... ။
ဒေညည့်မှာ
ဘုရား စာတီ ပုထိုးရို့ လွှမ်းချုံထားရေ
ဆောင်းနှင်း တဝီဝီနန့်
အရိုးကျိုင်ယောင်အီးရေ မြောက်ဦးစွာ
သွီးဆူသံ
အံကြိတ်သံ
တောက်ခေါက်သံတိနန့်
ကြက်သီး ဖြန်းဖြန်းထနီရေ
အရာ ဇာနှစ်ဆ မှောင်နှိုင်ဖို့သိလေး ... ။ ။
(၁၃၇၉-ခု၊ ပြာသိုလကွယ်နိ)
No comments:
Post a Comment