Monday, 15 May 2017

Mother's Day

A drop of mother's breast milk -
White,
Clean,
Sweet,
Nutritious!

So is Mother's Day -
Not once a year!
It's aromatic;
From the beginning of my flesh and blood
Till the end of my last breath.
It's priceless!

By Khaing Htwee

14/5/2017

Friday, 12 May 2017

ကြည့်ခြင်းအနုပညာ

တချို့မျက်လုံးတိက ပုံမှန်
တချို့မျက်လုံးတိက ပုံမမှန်
တချို့မျက်လုံးတိက အပါးမှုန်
တချို့မျက်လုံးတိက အဝီးမှုန်
ဇာပိုင်ပင်ဖြစ်ဖြစ်
တခုခုကြောင့် တခုခုကို ရင်းရရေပိုင်
တခုခုကို မြင်ချင်ရေခါတော့ခါ
အနုညံ့ဆုံးအသားအရီနန့်မျက်လွှာချေတိကို
ဒါရိုက်တာ အလိုတကျ
ပုံစံအမျိုးမျိုးနန့် သရုပ်ဆောင်ခိုင်းထားရေ
အကြည့်တိက စုံလို့ လင်လို့ ... ။

တည့်တည့်ကြည့်လူ ကြည့်ရေ
ဘေးသတ်ကြည့်လူ ကြည့်ရေ
စောင်းလို့ကြည့်လူ ကြည့်ရေ
မော်လို့ကြည့်လူ ကြည့်ရေ
ငုံ့လို့ကြည့်လူ ကြည့်ရေ
စိုက်လို့ကြည့်လူ ကြည့်ရေ
မောတိမောတာသတ်လို့ကြည့်လူ ကြည့်ရေ
နပျိုးပင်ထောင်လို့ကြည့်လူလေ့ ကြည့်သိရေ ... ။

ယင်းပိုင်ကြည့်ကတ်စွာမှာ
တချို့က အမြင်ကောင်းရေ
တချို့က အကောင်းမြင်ရေ
တချို့က အမြင်ဆိုးရေ
တချို့က အဆိုးမြင်ရေ
တချို့က ဦးနှောက်ကို မြင်ရေ
တချို့က နှလုံးသားကို မြင်ရေ... ။

ဇာလူက ဇာပိုင်ကြည့်လို့ ဇာပိုင်မြင်မြင်
ငါက အကန်းတယောက်ရာ
ယုံကြည်စိတ်ချရရေ အကြည့်တိကို မြင်ဖူးချင်ရေ
ရိုးသားဖြူစင်ရေ အကြည့်တိကို တောင့်တမိရေ ... ။

သဘာဝစီမံချက်အတိုင်း
နီရောင်ကို လရောင် မသောက်ခင်စပ်ကြားထိ
အိပ်တန်းဝင်ငှက်ချေတိ တေးသံသာနန့်
အိပ်တန်းဝင်ငှက်ချေတိကို မြင်ရနိုးနိုး
ဆည်းဆာပန်းချီကို မြင်ရနိုးနိုး
ပင်လယ်လှိုင်းအကကို မြင်ရနိုးနိုး
စိမ်းလန်းအီးချမ်းရေ တောတောင်တန်းတိကို မြင်ရနိုးနိုး
အလင်းဖုံးထားရေ မျက်လုံးတစုံကို တည်ငြိမ်စွာ ဖွင့်ပနာ
စိတ်အာရုံနန့်မှန်းဆယင်း နှလုံးသားနန့်ကြည့်နီမေ ... ။ ။


ခိုင်ထွီး

Thursday, 4 May 2017

ခေါ်သံတိကြားမှာ

ညီချေနှမချေရို့က -
အားကိုးတကြီးနန့် အစ်ကိုကြီးခေါ်ရေ ... ။

အမင်က -
သားအကြီးဆုံးကို အပုချေလို့ခေါ်ရေ ... ။

အဘောင်သျှင်က -
အချစ်မှာ အနှစ်ထည့်ပနာ ကြောင်ချေလို့ခေါ်ရေ ... ။

သမီးချေက -
မပီတပီ ဘာဘာလို့ခေါ်ရေ ... ။

နတ်သျှင်မေက -
ငကုသလကို အချစ်ခဲလို့ခေါ်ရေ ... ။

အရာလူတိကလေ့ တယောက်တမျိုး
အမျိုးမျိုး အဖုံဖုံ ခေါ်ကတ်သိရေ ... ။

ယင်းခေါ်သံတိကြားမှာယေ
ကဗျာတပုဒ် ကိုယ်လက်အင်္ဂါစုံလို့
ကိုယ်ရောင်ဖျောက် အငွိပျံရသမြောက်နီလီယင့် ... ။

ဖြစ်ချင်စွာတိခမာ
ဖြစ်သင့်စွာတိပါးမှာ အခါခါ လိုင်စင်းခံရကေလေ့
သတ္တဝါတခု ကံတခုဆိုခါ
ကိုယ့်သံဝေဂတရားနန့် ကိုယ်
အရာရာ ပြောင့်ပြောင့်သားသားပါရာလို့ ... ။ ။


ခိုင်ထွီး