ထွက်ပေါက်
နှလုံးခုန်နှုန်းမြင့်မားမှုကို
အယင်ခေါက် မသောက်တေ ကော်ဖီခါးခါးနန့်
တက်စားထိုး ကုသမှုခံယူဖြစ်တေ ... ။
ဦးနှောက်မွန်းကျပ်မှုကို
ရော့(ခ)အပြင်းစား ဂီတအာဟာရနန့်
ယမကာမြစ်မှာ ဂေါင်းဆီးဖြစ်တေ ... ။
ငါ့ ဝေဒနာ အနာစိမ်းတိ နာကြင်တိုင်း
မေတ္တာအလင်းရောင်နန့် ဆက်သွယ်ထားရေ
ကောင်းကင် နန့် မြီပြင်ရို့ကို ကြည့်ဖြစ်တေ ... ။
လူ ညီမျှခြင်း
တာဝန်နန့် ဝတ္တရားဆိုကေ မှားဖို့လား
မှားမှား ... မှန်မှန်
လူခန္ဓာကိုယ်ဧ့ အကြီးမားဆုံး
အင်္ဂါအစိတ်အပိုင်းတခုဖြစ်တေ အရီပြားကို
ပါးပါးချေ လှီးပနာ မင်းရို့အတွက် ဖြန့်ခင်းပီးမေ
ငါ့ကို ...
ကဗျာတပုဒ်တော့ခါ စပ်ခွင့်ပီး
ငါ ... အသက်တရက် ရှည်ချင်လို့ရာ ... ။
ခိုင်ထွီး
No comments:
Post a Comment