Friday, 20 November 2015

အချင်းကြိုးနန့် လူ

မိုးထစောစော
လောကမျက်နှာပြင်ကို
အာရက္ခရင်ဖတ်ထဲက
သာစွလေပါလို့ နှုတ်မဆက်ခင်
အယင် ... 
မိခင်ဝမ်းထဲက မိတ်ဆက်ချင်ပါယင့် ... ။

ငါစွာ ...
ကိုယ့်တိုင်းကိုယ့်ပြည်မှောက်
ကိုယ်လက်အင်္ဂါပျောက်ဆုံးလို့
သူရို့နိုင်ငံရီးအဘိဓာန်ထဲက
ဝေါဟာရ အသုံးအနှုန်းမကြီညက်
အစာကြီဖို့ခက်တေ
ကျွန်ပုန်းတယောက်ပါ ... ။

ကြည့်စမ် ...
ငသံဒေ နန့် စံရဖွေကို အားကျ
ရာဇဝင်ထဲက ရသမြောက်ဝတ္ထုရှည် 
အသက်ဝင်ပနာ အခန်းဆက်
ငါ့ဂေါင်းထက်မှာ 
အရာ ဇာနှစ်ရာစုလောက် 
သွန်ချကတ်ဖို့သိလေး ... ။

ငါစွာ ...
ရှင်လျက်သီနီရေလူ
ငါ့ကို အကြောင်းပြ အာဂဂေါင်းဆောင်ရို့
ဂေါင်းကတတိုင် ခြီကတတိုင်
ရထားပြိုင်လို့ ဆွဲကတ်ဖို့လား
ပြိုင်တူကူလို့ ထူပီးကတ်ဖို့လား ... ။

ငါ့ကို ...
နု ရင့် ပျော့ မာ အားလုံး
ဝိုင်းလို့အုံလို့ အားပီးကတ်ပါ
လက်ခုပ်သြဘာတီးပီးကတ်ပါ
အသစ်တဖန် မွီးထုတ်ပီးကတ်ပါ
အချင်းကြိုးကို ပိုင်းဖြတ်ပီးကတ်ပါ
ငါ့ခန္ဓာကိုယ်အသစ်ကိုလေ့
ဆီးကြောသန့်စင်ပီးကတ်ပါ
ငါ ...
လူတယောက်ဖြစ်ချင်လို့ ... ။

ခိုင်ထွီး

No comments:

Post a Comment