Friday, 31 January 2014

မျိုချခြင်း

သူခိုးကို ဓါးရိုးပီးခရေအကျိုး   
ပြောင်ညီးရေနန်း လမ်းတောင်မရလိုက်
တန်းခါးကို အသာချေပိတ်
'ကျိတ်'ခနဲပင် မျိုချပစ်လိုက်ယင့်...

စိုင်းတင် နန့် ဒလက်
နက်ဖြန်ခါ...သန်ဖက်ခါ...ဖီးနိခါ...
အိပ်နခီတချက်ချေ...

ထော! ထိုမာ...ထိုမာ!
မြည်သံကြားကတ်ယာလား
အရာလေ့ အဝီမစိကတ်သိလတ်
ချငွိကိုတောင် လတ်ပြုနီရရေဒေ...

ယာ! ကြည့်ဇမ်...လူရို့ !
ပြောလို့တောင်မဆုံးလိုက်ကာ
ရိုးတောင်သျှင်၊ ကစ္ဆပမြစ်သျှင်နန့်
သက်သီတိ အားလုံးသူအမြင်ပါဒေ
အိမ်ခြံထဲက လက်ယက်တွင်း
လျှာထထက်နန့်လိပ်ပနာ
အာခေါင်တွင်းကို မျိုသွင်းပစ်ယာ
အိုးဘာလေး! အိုးဘာလေး!
ကမ္ဘာ့အံ့ဖွယ်မျက်လှည့်တိ ငိုကျပါဖို့ထော...

အရာလေ့ မျက်စိမျက်ဆန်ပြူးပနာ
ထန်းတောထဲက 'ဝါ'ကြီးလင်မယား
မှော်အတတ်ပညာ ကျွမ်းကျင်ရေလို့
ကမ္ဘာသိယောင် တကြော်ကြော်အာ်
ကြိုး'လိမ်'မုန့်ကျော်ကို အချောင်းလိုက်
လျှာမထိအာမထိ မျိုပြရုံမကသိ
လက်ညှိုးတငေါက်ငေါက်နန့်
ထန်းတောမာ အလှဆင်ဖို့ရယောင်
ကျောက်တောင်ကိုပါ မျိုပြဖို့ပျင်နီပါယာထော!
မျက်တောင်လုံးဝမခတ်ကတ်ပါကေ့
ကြည့်ထားကတ်ပါ! ကြည့်ထားကတ်ပါ!

ဥက္ကာမင်း

No comments:

Post a Comment