Wednesday, 29 January 2014

မြန်မာ့ရွတ်လပ်ရီး အဖိုးသျှင်

 မြန်မာနိုင်ငံ၊ နယ်ချဲ့ ကျွန်ဖြစ်
ကိုလိုနီအောက်၊ ဖပြားမှောက်ချိန်
မကြောက်တရား၊ ဇွဲမာန်အားနန့်
လက်ကိုမမြှောက်၊ တက်သီးခေါက်ပျာ

 နိုင်ငံတရား၊ မိန့်ကြားအားမွီး
ဖမ်းလေ့မကြောက်၊ ဒူးမထောက်ဘဲ
အာဇာနီပီ၊ အလီလီဟော
"ဝေး...ခရတ်ဒေါက်၊ ဂတ်တောက်"လို့
ရဲဝံ့ပြတ်သား၊ နှင်ထုတ်လားခ
အာဂယောက်ျား၊ ရခိုင်သား။

အစိုးရကို၊ ဆိုးကောင်းကိုပြော

 ကြောက်မွီးနှုတ်ပစ်၊ မျိုးကိုချစ်ဖို့
မျက်စိကိုဖွင့်၊ နားကိုစွင့်ပျာ
ညီညီညွတ်ညွတ်၊ တော်လှန်ကတ်မှ
ကျွန်ဆိုးဘဝ၊ ရွတ်မြောက်ရဖို့
"ကြောက်နီကေပြန်၊ ရဲကေကြံ"လို့
အသျှင့်စကား၊ ကြားသူအားရ
အမျိုးသားရီး၊ နိုင်ငံရီးတွက်
ပန္နက်ကိုချ၊ အလင်းပြပျာ
မဏ္ဍိုင်ထူခ၊ သျှင်ဥတ္တမ
အာဂယောက်ျား၊ ရခိုင်သား။

ဆယ်မျိုးဘာသာ၊ တတ်ကျွမ်းကာဖြင့်
ကမ္ဘာတခွင်၊ ပြိုင်စံတွင်ခ
အာသျှတဝန်း၊ အမှောင်လမ်းမာ
ကျားလျားတော်လှန်၊ အာဂမှန်မှန်
မီးရှူးတန်ဆောင်၊ နီဝန်းပြောင်ပိုင်
မိမိနိုင်ငံ၊ ကျွန်မခံစိတ်
သပိတ်လွယ်ရံ၊ အလှူခံကာ
မီးမောင်းထိုးပြ၊ အလင်းမက
စာနာစိတ်ဝင်၊ လူသားစင်ရို့ 
ရင်ထဲနှလုံး၊ အနက်ဆုံးမာ
အသျှင့်ကျေးဇူး၊ မြင့်မိုရ်ဦးကို

 မြတ်နိုးဂုဏ်ယူ၊ အတုယူလို့
ဂုထက်ထိတိုင်၊ မမိနှိုင်ယောင်
သခင်စိတ်ဓါတ်၊ တံဆိပ်ခတ်ခ
အာဂယောက်ျား၊ ရခိုင်သား။

ဥက္ကာမင်း

No comments:

Post a Comment