Friday, 31 January 2014

မျိုချခြင်း

သူခိုးကို ဓါးရိုးပီးခရေအကျိုး   
ပြောင်ညီးရေနန်း လမ်းတောင်မရလိုက်
တန်းခါးကို အသာချေပိတ်
'ကျိတ်'ခနဲပင် မျိုချပစ်လိုက်ယင့်...

စိုင်းတင် နန့် ဒလက်
နက်ဖြန်ခါ...သန်ဖက်ခါ...ဖီးနိခါ...
အိပ်နခီတချက်ချေ...

ထော! ထိုမာ...ထိုမာ!
မြည်သံကြားကတ်ယာလား
အရာလေ့ အဝီမစိကတ်သိလတ်
ချငွိကိုတောင် လတ်ပြုနီရရေဒေ...

ယာ! ကြည့်ဇမ်...လူရို့ !
ပြောလို့တောင်မဆုံးလိုက်ကာ
ရိုးတောင်သျှင်၊ ကစ္ဆပမြစ်သျှင်နန့်
သက်သီတိ အားလုံးသူအမြင်ပါဒေ
အိမ်ခြံထဲက လက်ယက်တွင်း
လျှာထထက်နန့်လိပ်ပနာ
အာခေါင်တွင်းကို မျိုသွင်းပစ်ယာ
အိုးဘာလေး! အိုးဘာလေး!
ကမ္ဘာ့အံ့ဖွယ်မျက်လှည့်တိ ငိုကျပါဖို့ထော...

အရာလေ့ မျက်စိမျက်ဆန်ပြူးပနာ
ထန်းတောထဲက 'ဝါ'ကြီးလင်မယား
မှော်အတတ်ပညာ ကျွမ်းကျင်ရေလို့
ကမ္ဘာသိယောင် တကြော်ကြော်အာ်
ကြိုး'လိမ်'မုန့်ကျော်ကို အချောင်းလိုက်
လျှာမထိအာမထိ မျိုပြရုံမကသိ
လက်ညှိုးတငေါက်ငေါက်နန့်
ထန်းတောမာ အလှဆင်ဖို့ရယောင်
ကျောက်တောင်ကိုပါ မျိုပြဖို့ပျင်နီပါယာထော!
မျက်တောင်လုံးဝမခတ်ကတ်ပါကေ့
ကြည့်ထားကတ်ပါ! ကြည့်ထားကတ်ပါ!

ဥက္ကာမင်း

Wednesday, 29 January 2014

မြန်မာ့ရွတ်လပ်ရီး အဖိုးသျှင်

 မြန်မာနိုင်ငံ၊ နယ်ချဲ့ ကျွန်ဖြစ်
ကိုလိုနီအောက်၊ ဖပြားမှောက်ချိန်
မကြောက်တရား၊ ဇွဲမာန်အားနန့်
လက်ကိုမမြှောက်၊ တက်သီးခေါက်ပျာ

 နိုင်ငံတရား၊ မိန့်ကြားအားမွီး
ဖမ်းလေ့မကြောက်၊ ဒူးမထောက်ဘဲ
အာဇာနီပီ၊ အလီလီဟော
"ဝေး...ခရတ်ဒေါက်၊ ဂတ်တောက်"လို့
ရဲဝံ့ပြတ်သား၊ နှင်ထုတ်လားခ
အာဂယောက်ျား၊ ရခိုင်သား။

အစိုးရကို၊ ဆိုးကောင်းကိုပြော

 ကြောက်မွီးနှုတ်ပစ်၊ မျိုးကိုချစ်ဖို့
မျက်စိကိုဖွင့်၊ နားကိုစွင့်ပျာ
ညီညီညွတ်ညွတ်၊ တော်လှန်ကတ်မှ
ကျွန်ဆိုးဘဝ၊ ရွတ်မြောက်ရဖို့
"ကြောက်နီကေပြန်၊ ရဲကေကြံ"လို့
အသျှင့်စကား၊ ကြားသူအားရ
အမျိုးသားရီး၊ နိုင်ငံရီးတွက်
ပန္နက်ကိုချ၊ အလင်းပြပျာ
မဏ္ဍိုင်ထူခ၊ သျှင်ဥတ္တမ
အာဂယောက်ျား၊ ရခိုင်သား။

ဆယ်မျိုးဘာသာ၊ တတ်ကျွမ်းကာဖြင့်
ကမ္ဘာတခွင်၊ ပြိုင်စံတွင်ခ
အာသျှတဝန်း၊ အမှောင်လမ်းမာ
ကျားလျားတော်လှန်၊ အာဂမှန်မှန်
မီးရှူးတန်ဆောင်၊ နီဝန်းပြောင်ပိုင်
မိမိနိုင်ငံ၊ ကျွန်မခံစိတ်
သပိတ်လွယ်ရံ၊ အလှူခံကာ
မီးမောင်းထိုးပြ၊ အလင်းမက
စာနာစိတ်ဝင်၊ လူသားစင်ရို့ 
ရင်ထဲနှလုံး၊ အနက်ဆုံးမာ
အသျှင့်ကျေးဇူး၊ မြင့်မိုရ်ဦးကို

 မြတ်နိုးဂုဏ်ယူ၊ အတုယူလို့
ဂုထက်ထိတိုင်၊ မမိနှိုင်ယောင်
သခင်စိတ်ဓါတ်၊ တံဆိပ်ခတ်ခ
အာဂယောက်ျား၊ ရခိုင်သား။

ဥက္ကာမင်း

Tuesday, 21 January 2014



ဆီးဖြစ်ဝါးဖြစ် သပိတ်မာလက်တဆစ်

                  အကျွန့်ဆရာတယောက် တရက်နိက ရယ်စရာ ဖြစ်ရပ်မှန်ချေကို ပြောပြဖူးပါရေ။ ယင်းစွာကို မှတ်မိသလောက် မျှဝီပီးပါမေ။ အပြုသဘောနန့်  ရယ်စရာအဖြစ်ပါလို့  မရီးခင် တောင်းပန်ပါရစီ။      တလင်ဂုနီနိတိုင်း ဆရာရေ အကျွန်ရို့ ပါးသို့ အိင်္ဂလိ(သျှ)ဘာသာစကား ပညာဒါနပြဖို့ လာပါရေ။ အကျွန်ရို့က ဘုန်းကြီးကျောင်းမာ လားပြီးကေ သင်ယူကတ်တေအတွက်နန့်  ယင်းမာ မောင်သျှင်၊ ပဉ္စင်းချေတိ များကာ။ ပြီးကေ ကလေချေ၊ ကလိမေချေတိနန့် ရရောင်းသတ်ကြီးသတ်ပနာ ကောင်းကောင်းပျော်ဖို့ ကောင်းခရေ အတိတ်ကနီရာချေတခုပါ။ ဂုတော့ခါ အကြောင်းအမျိုးမျိုးကြောင့် ရွင့်ပါးပျောက်ကွယ်လားလို့ရာ ဟိလီပါဖို့ ထင်ရေ။ ဆရာက တပည့်ချေတိနန့် ကောင်းနပ်လိုက်သွန်းလိုက်ပါ။ တရက်နိခါ ဇာစိတ်ပေါက်ပါလေမသိ မောင်သျှင်၊ ပဉ္စင်းချေရို့  ဆရာတခုပြောပြချင်ရေ။ နားထောင်ကတ်ဖို့လားလို့ မီးပါရေ။ ယေခါ အားလုံးသူက ပြိုင်တူ ပြောလိုက်ပါရေ။ "နားထောင်ပါဖို့။" ဆရာက စလို့ ပြောပါရေ။ ငါရို့ အိမ်နားက အရက်ဆိုင်က မောင်သျှင်ကြီးတပါး ညဇာဖက်တိုင်ကေ ထွက်လှာစွာ ၂ ရက်၊ ၃ရက် ဆက်တိုက်တွိပါရေလတ်။ နောက်တရက်နိခါ ဆရာက ဒေမောင်သျှင်ကြီးတပါး ဇာတိလားလုပ်လေလို့ လားပြီးကေ တိုက်ရိုက်မီးပါရေလတ်။ "မောင်သျှင်ကြီး... မောင်သျှင်ကြီး... ဒေအရက်ဆိုင်ကို ဇာလားလုပ်ပါလေး။" ယေခါ ယင်းမောင်သျှင်ကြီးက ချက်ချင်း စကားအလျင်အလျင် ပြောပြီးကေ ဖြီပါရေလတ်။ "ဒကာ ဆီးဖြစ်ဝါးဖြစ် သပိတ်မာ လက်တဆစ်ချေလောက် လာသောက်စွာရာ...။" 

*မှတ်ချက်။ ။ ယင်းမောင်သျှင်ကြီးက စိတ်မမှန်လို့ပါရာ။*

ဥက္ကာမင်း

Tuesday, 14 January 2014

ဆန္ဒတခုဧ့ မာတိကာ

ကမ္ဘာရွာထဲကလူများတကာရို့ 
ခေတ်ကာလနန့် အညီလား
ညှိလို့ရရေအားကို အသုံးချ
ကန္တာရမာ ရီမယှားယာလတ်
နွီ၊ မိုး၊ ဆောင်းရို့ ကိုတောင်
ပြောင်းပြန်သတ် ရှားနီကတ်ယာ
အရာ စကြာဝဠာပြတ်လုံးကို
တပြင်သန်းလောက်ရာဆိုယင့်။

တောင်ကြောင်းလားတိမာကာ
လက်ညှိုး၊ လက်ဝါး တကားကား
တယောသံရို့  အပြန်အလှန်အားပြ
စည်း၊ ဝါး အချက်ကျကျနန့်
ဂန္ထဝင်စာသားအပိုင်းအစကို
"အရုဏ်ဦး"မာ ဆိုကြည့်ချင်လို့
ထိုနား..... ဒေနား.....
ခြုံကြားမကျန်အောင်
ပုံစံအမျိုးမျိုးနန့် မရိုးတမ်း
စမ်းယမ်းပစ်ကေ တွိဖို့လားဂု။

ဇာသူရို့  ဇာလောက်ပြောင်းပြောင်း
ဟောင်းလောင်းနှလုံးသားတိ ကခုန်ပျော်ပါး
လမ်းသလားလို့ ကောင်းနီတုန်းသိ
လမ်းမရရေ အဆုံးသတ်မာတော့
ဘဝတခုဧ့နီဝင်ချိန်ရို့  နိဂုံးမချုပ်ခင်
ဂန္ထဝင်ဟန်၊ ဂန္ထဝင်မာန်အပြည့်နန့်
တော်ဝင်ရေ အဖိုး၊ အဖီးရို့ သွီးတိကို
ပြိုင်တူ ဗြီးပနာသန်းမြင်လားစီနှိုင်ရေ
နက်ဖြန်ခါတိအတွက် အားဖြစ်ဖို့
တညီတညာတည်း ရွတ်ဆိုနှိုင်ဖို့
ဂန္ထဝင်ဟန် မဟုတ်ခကေတောင်
သာမန်ကဗျာချေတပုဒ်ပင်ဖြစ်ဖြစ်
ကဗျာမဆန်ရေ ဒေလက်နန့်
ကာရန်တော့ ညှိကြည့်ခချင်သိရေ။

ဥက္ကာမင်း
"ခွင့်"

အချစ်ဆုံးချေ... အကိုက
အပြစ်အဖုံးခံ အယှုံးနွံမာ
ကျွံကျရေ အမုန်းဒဏ်သင့်
ရွင့်ပြာသတ်ချေပါရာ
ယေရာလေ့...
မင်းကမ္ဘာအပြင်က
လှီကားစင်မာဖြစ်ဖြစ်
'အချစ်'ကို ဂန္ထဝင်ဆန်ရေ
အလွမ်းအဆွေးသံစဉ်ကြား
နှလုံးသားလီဟာပြင်ထဲမာ
ရွင့်မျိုးခွင့်တော့ ပီးသနားပါ။

အော်... ဘဝက
အဓိပ္ပါယ်ဖွင့်ဖို့ ဝေါဟာရရှာမရ
အဘာကွယ်ပျောက်လားရေ
အမင်ထားဝံ့ခ သောကမြစ်မာ
ဖြားဆန်စီးဆင်းရေ လောကဓံကို
အံကြိတ်ပနာ ဒုက္ခခံနီရရေ
ကန္တာရထဲက အညတြချေပါရာ
ဒေကြားထဲမာ...
အမင် မမြင်ချင်
အမင် မကြားချင်
အမင် နှုန်းမပြောချင်ရေ
ဒေသားအဆိုးချေကို
မျိုးကောင်းစကြာဝဠာအပြင်က
ငရဲသားတီဘဝနန့်ဖြစ်ဖြစ်
မော်ဒန်ခေတ်မာ ဂန္ထဝင်အမြောက်ဆုံး
ရက္ခဝဏ္ဏ တီးလုံးကို
နှလုံးသားနန့် ထောက်,မ
မျိုးဆက်တိ ကြားခစီချင်လို့
အပြုံးမပျက်တေ ဆန္ဒကိုတော့
ဒါနပြုခွင့်ပီးဖို့ လျှောက်ထားအပ်ပါရေ။

ဥက္ကာမင်း