Thursday, 12 September 2013

တိုင်းဓည

ဘုန်းမီးနီလ၊  လျှံတောက်ပစွာ
မာရယုမင်း၊  သကျဆင်းနွယ်
ယှင်းလင်းရန်ပေါင်း၊  အောင်ပွဲလောင်းကာ
သောင်းဖျပြည်သူ၊  နန်းစိုက်ထူခ
ဇမ္ဗူအလား၊  ပုဇွန်သားငါး
စပါးဆန်ရီ်၊  ပေါပြည့်လီလို့
ရွှီပြည်ဓည၊  ခေါ်တွင်ခရေ။

တလီထွန်းခ၊  သူရိယကား
ဘုရားပွင့်သိ၊  ကြားရဘိ၍
မဇ္ဈိမက၊  တိုင်းဓညသို့
မနောဓိဌာန်၊  ပွင့်ဖိတ်ခံခါ
ခြွီရံရဟန်း၊  ငါးရာဝန်းကာ
ပျံသန်းခရီး၊  ပြသာဒ်စီးပျာ
ကြီးမြတ်ဗုဒ္ဓ၊  ကြွချီခရေ။

ဘုမ္မိရက္ခ၊  လခြမ်းလှတွင်
ဗုဒ္ဓဘာသာ၊  ထွန်းကားလှာယောင်
           ကောင်းရာလျှောက်ထား၊  ထိုစကားကြောင့်            
ဘုရားကိုယ်စား၊  မုနိပွားအား
တည်ထားပူဇော်၊  နတ်လူပျော်ကာ
ဖူးမျှော်အထွတ်၊  ကိုးကွယ်ကတ်လို့
မြတ်သာသနာ၊  ရွှီရောင်ဖြာလျက်
စာတီပုထိုး၊  ဆပွားတိုးခ
ရိုးသားဌာနီ၊  ဓညမြီကား
သာလီစွလေ၊  သာစွလေ။
ခံနှိုင်ပါရမီ

အော်! ... ခံရပေါင်း

ထောင်သောင်းမက
သိန်း,သန်းချီလားကေတောင်
ပေါင်းဖက်ခံချင်ရေစိတ်
အတိတ်ကိုအတုယူ
ဇာပညာဂုဏ်နန့်လေ့မဆိုနှိုင်
ကျွန်းဇမ္ဗူမာ ငါနိုင်ရေလို့
အလံထူချင်ရေဘဝင်
အထက်လီတငင်ငင်ယှူ
မျက်လုံးကပြူးပြဲပြူးပြဲပျင်ပနာ
ခွီးအမူအယာကို အသပြာမှတ်
ကမ္ဘာပြတ်ကိုအသရေဆောင်
ငါလို့ လက်မထောင်ချင်ရေအထာနန့်
ဖျာကာပနာ မျက်လှည့်ပြမှန်းလေ့သိ
မျက်လှည့်ဆရာ ရှိကိုအဆွဲများလို့
အမြင်အာရုံမွဲ လမ်းလွဲလားကေ
အင်! ... အရာလေ့တခေါက်
ကျွတ်ခနဲဆိုကေ ကောင်းဖို့သိလားယေ
အိုး! ... ရွာသူရွာသားရို့ ............။

အော်ပြောလို့တောင်မဆုံးလိုက်...

တနီသတ်ချီးကို ရမွှီးမှတ်ပနာနမ်း
နှာခေါင်းမွန်းရေ အရသာကို
စကြာဠာမာ အကောင်းဆုံးလို့မွှမ်း
အူး!!!
ဟုတ်တေဝှက်!!!
ခံနှိုင်ရည်ဟိရေထော.................။
 ခိုင်ထွီး