Saturday, 13 April 2013

စိတ်ကူးထဲက သင်္ကြန်

ဂိမှာန်နွီဦး၊  အတာကူးမှာ
လီရူးမြူးတွန်၊  ပျော်ကြူးဟန်ချီ
ရွက်လွန်မြီလူး၊  ရွက်သစ်ကူးကေ
ဝှေါကျူးတေးသီ၊  ဖော်ကွဲလီသံ
ကြားလီပြန်က၊  ရင်နင့်ရလို့
ဝီးကသူဇာ၊  သဇင်ညှာကို
မျှော်ကာမှန်းဆ၊  လွမ်းတသက်သက်။

ရိုးရာစိုင်လာ၊  နံ့သာသွီးပွဲ
ဆင်နွှဲမပျက်၊  ခေတ်ဆက်ယူလား
ဘုရားရီချိုး၊  မရိုးထုံးစံ
သင်္ကြန်မိုးဖြန်း၊  ပွင့်လန်းပိတောက်
မဏ္ဍပ်ရောက်ကေ၊  တင့်တယ်လှပ
လောင်းထဲကစီ၊  မေတ္တာရီအီး
ဖီးတိဝီးယောင်၊  မရီးပီးရေ
နွီးထွီးစကား၊  ငွီဖလားနန့်
အားရပါးရ၊  လောင်းလိုက်ရကေ

ဝီးကမျောက်သား၊  မြန်းလားဖို့ထင်။

ခိုင်ထွီး

No comments:

Post a Comment