Thursday, 4 April 2013

ဖွဲနန့် ပြာ

ဇရာဧ့ အနိစ္စ
လူ့ဘဝဧ့ ဒုက္ခ
ကံကြမ္မာဧ့ အနတ္တ
ဖြစ်ရိုး ဓမ္မတာကို
အရင်းတည်ပနာ
သာလိုက် နာလိုက်
မြင့်လိုက် နိမ့်လိုက်
နိုင်လိုက် ယှုံးလိုက်
မွီးလိုက် သီလိုက်
ဒေသံသရာ ရီမွိ
လှည့်ပတ်ခြင်းမာ
ဆိုးခြင်းဟူသရွိ
ငါရို့ တိအတွက်
ဆိုရဖို့လား.....။

အာရက္ခဌာနီ...
ဗျာဒိတ်ရမြီမာ
ဒေသနာတရားတော်
နာကြားခွင့်ရသိလေ့
ဘင်္ဂါလှိုင်းလုံး
တဗုန်းဗုန်းသတ်
အရှိကတတပ်
လိုင်စိကိုဖျစ်ညှပ်
ဇာမာကျင့်ခီနှိုင်ဖို့
လီယှူပြောင့်အောင်
မနည်းရုန်းနီရကတ်ခါ
နိဗ္ဗာန်ဆိုစွာ ဝီလာဝီး
ဒေဝေဒနာမီးတောင်
ဇာခါအီးနှိုင်ပါဖို့လေး.....။

သဘာဝ သယံဇာတ
သား၊ ငါး၊ သစ်သီးဝလံ
ပြည့်ဝှန်နီရေ
ရခိုင်ပြည်လို့
ကြားမြင်ရကေလေ့
လက်တွိဘဝမာ
လမွဲကျစွာ ဒုတိယ
အနိစ္စ ဆိုရဖို့လား...
ဒုက္ခ ဆိုရဖို့လား...
အနတ္တ ဆိုရဖို့လား...
ပညာမတတ်လို့ မွဲ
မွဲလို့ မလှူနှိုင်
မလှူနိုင်လို့ ထပ်မွဲ
ဒေပိုင်ရာ ဆိုရဖို့လား...
အောက်သားဖန်တီး
တီထွင်ထားရေ
သင်္ခါရတရားကို
မလွန်ဆန်နှိုင်ခါ
ဖွဲနန့် ပြာကျင်ကိုင်
ငါနိုင်ရေဝေး...လို့
အောက်ကမပီကလာ
အော်နီရစွာတော့
အသီအချာရာဒေ.....။

ခိုင်ထွီး

No comments:

Post a Comment