Sunday, 28 April 2013

ရုန်းထွက်ကတ်မေ

ဗြဟ္မီအစ ဝဏ္ဏအလီလီ
ဂြန္တက တစ်ဆင့်
ထပ်ဆင့်ပြန့်ကျ
ရက္ခဝဏ္ဏ နာမတွင်ခ
ဒေအက္ခရာအစချီ
ရခိုင့်စာပီအလှရို့ ကား
ဒဏ္ဍာရီပုံသွင်းခံထား
ငရဲပြတိုက်တွင်းက
သူတစ်ဖဲ့ ငါတစ်စ
လက်တူတိဆက်ယင်း
ဘဝတိမြှုပ်နှံပနာ
ဆွဲထုတ်ယူနှိုင်ခကတ်လို့
ရုပ်လုံးပေါ်ဖို့ဗျာလ်ထော.....။

တစ်တိုင်သားက.........
လူမျိုးတစ်မျိုးဧ့ ရီသောက်မြစ်
သုခုမစာပီအနုပညာကို
မြီမျိုမခံ ရုန်းကန်ချိန်မာ
တချို့ တရီက.........
အိပ်ကွန်ဆောင်နီရေသူခိုး
နှိုးရခက်မှန်း သိယင့်သားနန့်
ပါးစအရသာ လျှာသက်ခံပနာ
မျှော်စပ်နီကတ်သိရေ
အာဟာရပြတ် ငတ်လို့
သီလားကတ်လိမေ
ငါရို့ တွက်ဥပဒေမဟိရေ
တိုင်းပြည်တပြည်မာ
ဇာသူခိုးကလေ့သော့
ငါခိုးရေလို့ ဝန်ခံလီဖို့မဟုတ်
ရုန်းကန်ခြင်း၊ တွန်းလှန်ခြင်းတိရာ
ဖိနှိပ်ခံနီရရေ ငါရို့ တိအတွက်
နိဗ္ဗာန်လမ်းဗျာလ်ယေ.....။

ခိုင်ထွီး

Saturday, 13 April 2013

စိတ်ကူးထဲက သင်္ကြန်

ဂိမှာန်နွီဦး၊  အတာကူးမှာ
လီရူးမြူးတွန်၊  ပျော်ကြူးဟန်ချီ
ရွက်လွန်မြီလူး၊  ရွက်သစ်ကူးကေ
ဝှေါကျူးတေးသီ၊  ဖော်ကွဲလီသံ
ကြားလီပြန်က၊  ရင်နင့်ရလို့
ဝီးကသူဇာ၊  သဇင်ညှာကို
မျှော်ကာမှန်းဆ၊  လွမ်းတသက်သက်။

ရိုးရာစိုင်လာ၊  နံ့သာသွီးပွဲ
ဆင်နွှဲမပျက်၊  ခေတ်ဆက်ယူလား
ဘုရားရီချိုး၊  မရိုးထုံးစံ
သင်္ကြန်မိုးဖြန်း၊  ပွင့်လန်းပိတောက်
မဏ္ဍပ်ရောက်ကေ၊  တင့်တယ်လှပ
လောင်းထဲကစီ၊  မေတ္တာရီအီး
ဖီးတိဝီးယောင်၊  မရီးပီးရေ
နွီးထွီးစကား၊  ငွီဖလားနန့်
အားရပါးရ၊  လောင်းလိုက်ရကေ

ဝီးကမျောက်သား၊  မြန်းလားဖို့ထင်။

ခိုင်ထွီး

Thursday, 4 April 2013

ဖွဲနန့် ပြာ

ဇရာဧ့ အနိစ္စ
လူ့ဘဝဧ့ ဒုက္ခ
ကံကြမ္မာဧ့ အနတ္တ
ဖြစ်ရိုး ဓမ္မတာကို
အရင်းတည်ပနာ
သာလိုက် နာလိုက်
မြင့်လိုက် နိမ့်လိုက်
နိုင်လိုက် ယှုံးလိုက်
မွီးလိုက် သီလိုက်
ဒေသံသရာ ရီမွိ
လှည့်ပတ်ခြင်းမာ
ဆိုးခြင်းဟူသရွိ
ငါရို့ တိအတွက်
ဆိုရဖို့လား.....။

အာရက္ခဌာနီ...
ဗျာဒိတ်ရမြီမာ
ဒေသနာတရားတော်
နာကြားခွင့်ရသိလေ့
ဘင်္ဂါလှိုင်းလုံး
တဗုန်းဗုန်းသတ်
အရှိကတတပ်
လိုင်စိကိုဖျစ်ညှပ်
ဇာမာကျင့်ခီနှိုင်ဖို့
လီယှူပြောင့်အောင်
မနည်းရုန်းနီရကတ်ခါ
နိဗ္ဗာန်ဆိုစွာ ဝီလာဝီး
ဒေဝေဒနာမီးတောင်
ဇာခါအီးနှိုင်ပါဖို့လေး.....။

သဘာဝ သယံဇာတ
သား၊ ငါး၊ သစ်သီးဝလံ
ပြည့်ဝှန်နီရေ
ရခိုင်ပြည်လို့
ကြားမြင်ရကေလေ့
လက်တွိဘဝမာ
လမွဲကျစွာ ဒုတိယ
အနိစ္စ ဆိုရဖို့လား...
ဒုက္ခ ဆိုရဖို့လား...
အနတ္တ ဆိုရဖို့လား...
ပညာမတတ်လို့ မွဲ
မွဲလို့ မလှူနှိုင်
မလှူနိုင်လို့ ထပ်မွဲ
ဒေပိုင်ရာ ဆိုရဖို့လား...
အောက်သားဖန်တီး
တီထွင်ထားရေ
သင်္ခါရတရားကို
မလွန်ဆန်နှိုင်ခါ
ဖွဲနန့် ပြာကျင်ကိုင်
ငါနိုင်ရေဝေး...လို့
အောက်ကမပီကလာ
အော်နီရစွာတော့
အသီအချာရာဒေ.....။

ခိုင်ထွီး