Tuesday, 5 February 2013

ပဲ့ကိုင်သျှင်

သမုဒ္ဒရာလှိုင်းဒဏ်
ထာဝရသည်းခံ
ပင်လယ်အော်သံ
အာခံဗျာလ်လား
မုန်တိုင်းပြင်းအား
ပဓာနမထား
အပြောင်းလား
အပြန်လား
ရင်ဆိုင်ခံထား
အဘာစွမ်းအား...။

ငြိုငြင်စကား
အဝီးမာထား
သံသယအပြုံး
တခါလေ့မသုံး
အများဆန္ဒ
မားမားရပ်ပြ
ပဲ့ကိုင်သျှင်ပီသ
မွန်မြတ်စိတ်ထားခ
မေတ္တာစွမ်းအားက
ကျေးဇူးအနန္တပါ...အဘာ...။

ခိုင်ထွီး

No comments:

Post a Comment