Sunday, 3 February 2013

ရက္ခိတခြီလှမ်း

အိမ်ကြီးယာသန် မီးထဲမာပါ
အားကောင်းမောင်းသန်အဘာ
ညည့်ထက်ဝက်လောက်မာ
သီကျလားရေခါ
ကိုးကွယ်ရာ ဗလာနန့်
ရှီးအစဉ်လာ ရွှီရောင်သန်းလှ
စည်ကြီးသံလွှမ်းခ
ငါရို့ အာရက္ခ...။

ဧဂု ငရဲလခြမ်း
သောကမီးရောင်တန်းအောက်က
သွင်တူညီနောင်စိတ်ဝမ်း
အမြဲတမ်း မကွဲအောင်
လက်ကမ်းရှိဆက်
လျှောက်လှမ်းဖို့အတွက်
ကိုယ့်ဂုဏ်ကို အမွှမ်းမတင်
အမျိုးဂုဏ်ကို ရှိတန်းတင်လို့်
ရက္ခိတစိတ်ဓါတ် စွမ်းအားမှတ်တိုင်
ရင်ဖတ်တိုင်းမာ ထုဆတ်သင့်ရေ...။

ရိုးတောင်ခြီ အရှိဖက်
တရီးနိုးထက
ရရောင်းသတ်မဝကေလေ့
ကျွန်ခေတ်အဆက်ဆက်
ကြည့်ရှုမလှ
ငါရို့ ရက္ခိတပန်းတိုင်
လန်းဆန်းမြိုင်နှိုင်ဖို့
ငါရို့ ရက္ခိတခြီလှမ်းတိုင်းက
ပြိုင်တူလျှောက်လှမ်းသင့်ရေ...။

ခိုင်ထွီး

No comments:

Post a Comment