Saturday, 16 February 2013

လှိုင်းခတ်သံ

လေးဖြာဝတီ၊  သွီးစည်းညီညာ
နဒီလေးစင်း၊ သွယ်စီးဆင်းကေ
မျိုးရင်းဆွီချင်း၊  ရိုးတောင်ရင်းမှာ
ဘင်းဘင်းဘောင်းဘောင်း၊  တသောင်းသောင်းညံ
မြစ်စောင်းကမ်းယံ၊ လီညင်းတွန်ကျူး
တေးသံမြူးယင်း၊  တေးသာခြင်းယှောင်
ရင်တွင်းပီတိ၊ ဂွမ်းဆီထိယောင်
အတိချိုမြ၊ လှိုင်းထသံက ... ။

"မင်း ... တောင်ပိုင်းသား၊  ငါ ... မြောက်ပိုင်းသား 
မင်း ... ရမ်းဗြဲလီ၊  ငါ ... မြောက်ဦးလီ
မင်း ... မျိုးမစစ်၊  ငါ ... အမျိုးချစ်
မင်း ... ထိုအဖွဲ့၊  ငါ ... ဒေအဖွဲ့
မင်း ... ထဘီဖွတ်၊  ငါ ... ပညာတတ်
မင်း ... ထမင်းငတ်၊  ငါ ... လူရတတ်"

တတွတ်တွတ်စီ၊  ပြောဆိုနီရေ
လှိုင်းလီခတ်သံ၊  ချမ်းစိမ့်လွန်ကေ
အမှန်နွားကွဲ၊  ကျားဆွဲဝတ္ထု 
အတုယူမှတ်၊  ဆွဲဖတ်အတိတ်
အဓိပ္ပာယ်ပေါက်၊  မှတ်သားလောက်ကေ
တခေါက်တခါ၊  လက်ထိုးအန်ပါ ... ။


ခိုင်ထွီး

Tuesday, 5 February 2013

လှော်ကတ်မေ

ရိုးသားကြိုးစား  ရခိုင်သားရို့ 
အိပ်စားခြီနီ  ဆားငန်ရီက
ဆန်ရီမပြန်  ဖြားသင့်ခံပျာ
ကျွမ်းပြန်ထိုးလို့  မှောက်လီဖို့လား
ငါရို့ တအား။

ဆိုက်ဘီးရီးယား  ရင်ဆိုင်ထားမှ
နောက်အားခြွီရံ  လားရာမှန်ဖို့
သူ့ဟန်မှာရာ  ငါရို့ ပါကေ
မဟာရက္ခိုင်  ပြည်မဏ္ဍိုင်လေ့
မြီပိုင်ပျောက်လို့   ဂေါင်းချဖို့တောင်
ကျန်ဖို့မမြင်။

အဘာကိုဖေ  မင်ကိုမေလတ်
ပျင်မေမလုပ်  ရိုးခြားနှုတ်နန့်
အယုတ်ကြံက  စာပီရသ
ဘဒ္ဒပြင်က  သီသူထကို
စောင့်ရကတ်ဖို့။

၂၁-ရာစုက  သောင်ပြင်အထက်
လေးဝတီသား  တက်ညီထားလို့
ယီးအားပြိုင်တူ  ပေါင်းလှော်ကူမှ
နီပူခရီး  ရင်မီးအီးလို့
စိတ်အီးနှိုင်ဖို့။

ခိုင်ထွီး
ပဲ့ကိုင်သျှင်

သမုဒ္ဒရာလှိုင်းဒဏ်
ထာဝရသည်းခံ
ပင်လယ်အော်သံ
အာခံဗျာလ်လား
မုန်တိုင်းပြင်းအား
ပဓာနမထား
အပြောင်းလား
အပြန်လား
ရင်ဆိုင်ခံထား
အဘာစွမ်းအား...။

ငြိုငြင်စကား
အဝီးမာထား
သံသယအပြုံး
တခါလေ့မသုံး
အများဆန္ဒ
မားမားရပ်ပြ
ပဲ့ကိုင်သျှင်ပီသ
မွန်မြတ်စိတ်ထားခ
မေတ္တာစွမ်းအားက
ကျေးဇူးအနန္တပါ...အဘာ...။

ခိုင်ထွီး

Sunday, 3 February 2013

ရက္ခိတခြီလှမ်း

အိမ်ကြီးယာသန် မီးထဲမာပါ
အားကောင်းမောင်းသန်အဘာ
ညည့်ထက်ဝက်လောက်မာ
သီကျလားရေခါ
ကိုးကွယ်ရာ ဗလာနန့်
ရှီးအစဉ်လာ ရွှီရောင်သန်းလှ
စည်ကြီးသံလွှမ်းခ
ငါရို့ အာရက္ခ...။

ဧဂု ငရဲလခြမ်း
သောကမီးရောင်တန်းအောက်က
သွင်တူညီနောင်စိတ်ဝမ်း
အမြဲတမ်း မကွဲအောင်
လက်ကမ်းရှိဆက်
လျှောက်လှမ်းဖို့အတွက်
ကိုယ့်ဂုဏ်ကို အမွှမ်းမတင်
အမျိုးဂုဏ်ကို ရှိတန်းတင်လို့်
ရက္ခိတစိတ်ဓါတ် စွမ်းအားမှတ်တိုင်
ရင်ဖတ်တိုင်းမာ ထုဆတ်သင့်ရေ...။

ရိုးတောင်ခြီ အရှိဖက်
တရီးနိုးထက
ရရောင်းသတ်မဝကေလေ့
ကျွန်ခေတ်အဆက်ဆက်
ကြည့်ရှုမလှ
ငါရို့ ရက္ခိတပန်းတိုင်
လန်းဆန်းမြိုင်နှိုင်ဖို့
ငါရို့ ရက္ခိတခြီလှမ်းတိုင်းက
ပြိုင်တူလျှောက်လှမ်းသင့်ရေ...။

ခိုင်ထွီး
အရုဏ်ဦးသို့

ရက္ခဝဏ္ဏ
စာပီ၊ အက္ခရာ
ငါရို့ လက်မာ
မပျက်စီဘဲ
နီ၊ လ တမျှ
ထွန်းပလီအောင်
အပြုသဘောဆောင်
အတ္တဝင်္ကပါတောင်က
မင်းနန့် ငါ ပြဿနာ
အသာချေနောက်ခိုင်း
ရှည်လျားသမိုင်း
ညှိုးနွမ်းမလားအောင်
ရိုးတောင်တန်းထက်သို့
ပြိုင်တူလျှောက်လှမ်း
ခရီးကြမ်းကေလေ့
နောက်ကိုလှမ်းကြည့်လိုက်.....

ထော... ရှိမာအရုဏ်ဦး
အမှုံကူးစတရွီ
စစီရရီတန်းစီလို့
ဖူးပွင့်လန်းစီဖို့
ရှီးစာပီဟောင်းတိ
လမ်းကြောင်းပြရုံမက
နီဝန်းကတခါ
ပြောဆိုဆုံးမ
လက်ညှိုးညွှန်းပြ
ကျောက်တိုင်ထက်မာ
ဧဂုထက်ထိတိုင်
ဟိနီလီယင့်.....

ခိုင်ထွီး
-->
"နှင်း"


အကြင်နာ နှင်းလား
ဝေဒနာ နှင်းလား
ဇ၀ီဇ၀ါ အသဲမာ
မှိုင်းချုပ်ဖို့ဗျာလ်ယေ...။

တွယ်တာစရာ
နီးစပ်ခြင်းတရား
ပယ်ဆန်ခရေ
ဒေအလွမ်းသမား
အနားတ၀ိုက်
မမျှော်လင့်ဘဲရာ
ရစ်ပတ်ပနာ
သမုဒယဖွဲ့နှောင်တွယ်...။

ဗြီးလို့တောင်မလွတ်ဗျာလ်ကာ
မင်းကျော့ကွင်းမာ
ဇာပိုင်ညို့ အားပြင်းလွန်း
ဆွဲဆောင်ထားလေ
လှည့်စားဗျာလ်ထွက်ကေ
ကန္တာရအသဲကျွမ်းမေ
ဝေဒနာကမ္ဘာမာ
စေတနာ အကြင်နာ
နှင်းမိုးချေရာ
ရွာသွန်းခဖို့ဆိုကေ.........။

ခိုင်ထွီး


-->
အရောက်လာလတ်ပါမေ.....အမင်



အနန္တဂိုဏ်းဝင်အမင်

အချစ်ကရုဏာအသျှင်

ဇိသျှင်အခါတစ်ရာတင်

ကျေးဇူးဝဠာကြီအာင်ဆပ်လို့ပင်

ကျီလီဖို့မထင်ပါ.....အမင်။



ထာဝရအလင်းရောင်သခင်

အပြုံးတချက်ချေမမြင်

လပြည့်ညည့်ကိုပင်

လမိုက်နီရေအထင်နန့်

သုခအပြင်တနီရာက

သောကမွိရာထက်မာ

မောဟစိတ်မွန်းကျပ်ပနာ

လွမ်းလို့ကမ၀ပါ.....အမင်။



ဇာနီရာရောက်ပနာ

ဇာလောက်ပင်ပန်းလို့

ဇာလီပင်ထထ

တစိတပွေချေပင်

အီးမြရေမထင်လေ့

မသီချာရေဆန္ဒချေတိ

ရွင့်မျိုးနီရေစိတ်ကူးအာကာမာ

အမင့်မျက်နှာချေကိုရာမြင်

အားဆီးအမှန်ပါ.....အမင်။



ဝီးလားခရဗျာလ်အမင်

တသက်လုံးမခွဲခွာချင်

ထားပစ်ခရကေလေ့

အသိစိတ်ထဲမာအမင်

အမင့်ရင်ခွင်အပြင်

အားတင်းခရီးဆက်ယင်းပင်

မအားရေခြီလှမ်းချေတိ

တလှမ်းချင်းစီလျှောက်လှမ်းပနာ

အမင့်မေတ္တာရိပ်အောက်ကို

မရောက်ရောက်အောင်

တခေါက်လောက်တော့ခါ

အရောက်လာလတ်ပါမေ.....အမင်။

ခိုင်ထွီး



-->
အိမ်ပြန်လမ်း

မဖုံလုံခရေ ဘဝခရီးလမ်းမတန်းလျှောက်မာ.....
ကိုယ်လိုချင်ခရေပညာချေတိနန့် ...အလှမ်းဝီး
ဖြစ်ချင်ခရေစိတ်ကူးအိပ်မက်ချေတိ ...လီရွင့်လားလို့
စူး၊ငြောင့်၊ခလုတ်တိ ကြမ်းတမ်းစွာလောက်ကို
ကြောက်ကြီးသန်ဖက်ဝင်ပနာ ဖြတ်သန်းလာလတ်တေ
အပြုံးမပျက်ရင်ဖတ်မှတ်တမ်းမာ သိမ်းဆည်းထားယင့်
ဘဝကိုရင်းလို့ ရီ၊ မြီ ခြားမာ နွီးထွီးမှုပီးဖို့ ဆွီမျိုးဗလာ
မပြည့်ရေပညာချေနန့် ပရံလူတိအသိုင်းဝိုင်းကြားထဲမာ
မျက်နှာငငယ်ချေနန့် ဖေသာရှာ၊ ရုန်းကန်နီရကေလေ့
ဖူး၊ပွင့်လာဖို့ မျိုးဆက်သစ်ချေတိကို အတင့်ကြည့်နီတုန်းသိ
အစ်ကိုကြီး... အဖအရာကနီ... စောင့်ယှောက်နီရလို့
မအားရေကြားထဲက အိမ်ပြန်လမ်းချေတခုအတွက်
ပြည့်ဝနီရေလမင်းစန္ဒာကို ငေးမောကြည့်ယင်း.............
တမ်းတ၊ အတွက်ခံပနာ အိပ်မောကျလားရေခါ................

လပထဲက အဖိုးသျှင်က မြီးချေကို ခေါ်လိုက်တေ
မြီးချေ.....ကြည့်ဇမ်.....အောက်ကိုတချက်.............
ခေတ်ကပြောင်းပြန် လူတိက မဟုတ်၊ မမှန်ရေခါ
အားလုံးသရပေါင်းထနီကတ်ဗျာလ်ထော............
.....ယာသျှင်ကိုတောင် မျောက်တရွီနှင်နီကတ်ဗျာလ်.....
.....မြောက်လီမြူးနန့် ဆောင်းနှင်းသဇင်ဖူးတိ ဆောင်းခါမတွိရဗျာလ်.....
.....မျိုးချစ်ဘီလူးညီနောင်တောင် အချင်းချင်း ကြောခိုင်းနီသိရေ.....
.....အရာ...မိဖမကောင်း သားသမီးအဂေါင်းဆိုသံတိလေ့
      ရရောင်းကြီးသတ်လို့ မကြားဖူးကြားဖူး ကြားနီရဗျာလ်ထော.....
အူး.....ကောင်းကြောက်ဖို့ကောင်းလာစွာရာမနားယှင့်
ဆိုရေအသံကို ကြားချိန်မာပင်........................
ဗြုန်းခနဲနန့် မျက်စိထဲမာ မှုန်ဝါးဝါး မြင်လာရေပိုင်ခံစားမိရေ
ဆောင်းနှင်းသဇင်တံချေတခက် လီမာဝင့်နီစွာကို..........
အားရပါးရ အားကိုးတကြီးနန့် လှမ်းဆွဲလိုက်ဖို့ဗျာလ်လို့
အားယူနီချိန်မာပင်.......... အိပ်မက်ထဲက...................
ရင်တိတဒုန်းဒုန်း... ခုန်ပနာ... ယောင်ယမ်း လှန့်နိုးလာလို့
ရီတကျိတ်သောက်ပြီးကေ ပြန်အိပ်ဖို့ကြိုးစားကေလေ့
ညည့်ထက်ဝက်လောက်မာ ဆက်အိပ်မပျော်ဘဲနန့်
အိမ်ပြန်လမ်းချေတခုကို သက်ပြင်းတိချပနာ အတွက်ခံယင်း...................

ခိုင်ထွီး


-->
'အာ'ရက္ခ

'အာ'ရက္ခတချို့ 
နိခင်းဖက်မာတောင်
ကြောင်တိကြောင်တောင်
လှောင်၊ ပြောင်တိုက်ခိုက်
ဂျောင်တကာကို လက်ညှိုးနှိုက်
ကြိုးပလိုက်တတ်တေအကျင့်တိ
မင်းထီးမဟိခေတ်မာ ရွတ်လီ။

ညည့်မိုက်သိုင်ခေါင်
အိပ်နီကေတောင်
ယောင်ပနာစမ်းယမ်း
အရိပ်စီးလို့ပွဲကြမ်း
ပါးစသရမ်းနီစွာက
စပါးစိတထောက်လောက်
ဇောက်မနက်ယေ။

ခရီးရောက်ချင်ကေ
မိုးသောက်အရုဏ်ကို
ခြင်ထောင်ထဲက ပါးစိကိုက်
လောကျစ်ထားရုံလောက်နန့်
အလင်းမရောက်သိအပြင်
အကြွင်းတောင် ပျောက်လားလိမေ
'အာ'ရက္ခရို့ လေ။

ခိုင်ထွီး