စစ်သင်္ချိုင်း
လကွယ်ညည့်ဆဲဆဲ
နီမင်းကြီး အနောက်မြစ်ပြင်ထဲသို့
ရီဆင်းသောက်လားခရေ ... ။
ကမ္ဘာကြီးစွာ သူ့သဘာဝအတိုင်း
အမှောင်ထုထဲမှာ အမည်းရောင်ဝတ်ရုံနန့်
လောဘ၊ ဒေါသ၊ မောဟ ကို ကြိုသောက်
သောကလမ်းမှာ လျှောက်နီယာ ... ။
အာရပ်လူမျိုးတိ
Rap တေးခြင်းကို ဆိုတတ်စွာ
ဟင်္သာကိုးသောင်းဝတ္ထုကို ဖတ်ဖူးလို့ ... ။
ညည့်နက်လီလီ
လဒတိက လဒပိုင် ဝဲဖို့
ခွီးတိက ခွီးပိုင် အူဖို့
နွားတိက နွားပိုင် မြည်ဖို့
ဖျာဆိုးတိက နွားဗြီးရာမှာ ရွင့်လီဖို့
လူတိက လူပိုင် ကျင့်ကြံပါစီလို့
ဆုတောင်းလို့လေ့ ပြည့်ဖို့စွာက မဟုတ် ... ။
ကာလ သုံးပါးကြား -
ကပ်ကြီး သုံးပါးကြား -
ဝဋ်ကြီး သုံးပါးရို့ အံကြိတ်သံ ကြားရရေ
မိုးလင်းကေ မြင်ရဖို့
ကျောက်မရာသောသောနန့်
ကျောင်း၊ ဘုရား၊ ပုထိုး၊ စာတီ တိ
ငါရို့နှလုံးသည်းအူထက်က ဆန်ခါပေါက်တိကို
စစ်သင်္ချိုင်းအဖြစ်
အမှတ်တရ ပြသထားမေ ... ။ ။
No comments:
Post a Comment