ရခိုင်စည်
ရခိုင်စည်ဆိုစွာ -
ရခိုင့် ဆို၊ က၊ တီး၊ မှုတ် ဟန် ရို့ဧ့ အသျှင်
ရက္ခိတသုခုမ ဂီတရုပ်ပုံလွှာအစစ် ... ။
ရခိုင်စည်သံကြားကေ
ဝေသာလီပြည်က ဘီလူးတိ ဖျားရေ ... ။
ရခိုင်စည်သံကြားကေ
ဘင်္ဂါ (၁၂)မြို့ ကမ္ဘာပျက်တေ ... ။
ရခိုင်စည်သံကြားကေ
ရိုးတဖက်က ဒေါင်းတိ ဖင်ထောင်ရေ ... ။
၂၁ ရာစုမှာ -
ငါရို့ရိုးရာအတိုင်း
စံဂိုးတီးလို့ ခွီးတိဗြီးဖို့မဟုတ် ... ။
ဇာပင်ဖြစ်ဖြစ်လေ -
ဒေဟင့်
ငါရို့ဧ့ သဖောထားကြီးမှုတခု
ငါရို့ဧ့ နှလုံးသားပျော့ပျောင်းမှုတခု
မင်းရို့အတွက်
နောက်ဆုံးနူးညံ့မှုအိမ်ပြန်လက်ဆောင် ... ။
"ဗြိန်း ... စောင် ... ဗြိန်း ... စောင်"
အသာအညာတီးပနာ ဖျော်လို့ မပျော်ကေ
မသာခြင်းနန့် ဖျို ကေ ပျို ဖို့နှန်းရာ ... ။
ကိုင် -
အောင်စည်ကို ရွန်းပနာ တီး
အာရက္ခမြီမဟီကြီး တုန်ဟီးရေခါ
မိစ္ဆာရိုင်းတိ ဗြီးလားလိမေ ... ။ ။
No comments:
Post a Comment