Sunday, 12 December 2021

 ရခိုင်စည်


ရခိုင်စည်ဆိုစွာ -

ရခိုင့် ဆို၊ က၊ တီး၊ မှုတ် ဟန် ရို့ဧ့ အသျှင်

ရက္ခိတသုခုမ ဂီတရုပ်ပုံလွှာအစစ် ... ။


ရခိုင်စည်သံကြားကေ 

ဝေသာလီပြည်က ဘီလူးတိ ဖျားရေ ... ။


ရခိုင်စည်သံကြားကေ 

ဘင်္ဂါ (၁၂)မြို့ ကမ္ဘာပျက်တေ ... ။


ရခိုင်စည်သံကြားကေ 

ရိုးတဖက်က ဒေါင်းတိ ဖင်ထောင်ရေ ... ။


၂၁ ရာစုမှာ -

ငါရို့ရိုးရာအတိုင်း

စံဂိုးတီးလို့ ခွီးတိဗြီးဖို့မဟုတ် ... ။


ဇာပင်ဖြစ်ဖြစ်လေ -

ဒေဟင့်

ငါရို့ဧ့ သဖောထား‌ကြီးမှုတခု

ငါရို့ဧ့ နှလုံးသားပျော့ပျောင်းမှုတခု

မင်းရို့အတွက်

နောက်ဆုံးနူးညံ့မှုအိမ်ပြန်လက်ဆောင် ... ။


"ဗြိန်း ... စောင် ... ဗြိန်း ... စောင်"

အသာအညာတီးပနာ ဖျော်လို့ မ‌ပျော်ကေ

မသာခြင်းနန့် ဖျို ကေ ပျို ဖို့နှန်းရာ ... ။


ကိုင် -

အောင်စည်ကို ရွန်းပနာ တီး

အာရက္ခမြီမဟီကြီး တုန်ဟီးရေခါ

မိစ္ဆာရိုင်းတိ ဗြီး‌လားလိမေ ... ။ ။