Saturday, 18 September 2021

 နှမ်းဖျာ


အိပ်မက်ထဲမှာ

ကျီးဖြူရွာသို့ အလည်ရောက်လားရေ

ကျီးကန်းတိ အလှပလှအာကတ်တေ

နတ်ကရာမှာ ကျီးမောမောလို့ မဟုတ်

ကျီးကန်းတိ‌အာရာမှာ နတ်ပျင်းပျင်းလို့

ကြွီလောင်ဗွန်း နှစ်ခြမ်းကွဲလားခယာ

မာလာခွံရီမှုတ် ပေါက်လားခယာ

ဝါးလှီကား ကျိုးကျလားခယာ

ကျီးဖြူတိလေ့ လိပ်ပြာစိုင်လားခယာ ... ။


မထူးဇာတ်ခင်းရဖို့ယာလေ

နားညီးခံပနာ ရွာထဲသို့ ဝင်ကြည့်ရေ

သူရို့က ပျော်လို့ သာခြင်းဆိုနီစွာရာ လတ်

တအာအာနန့်ဆိုနီစွာကို နားကမလည်

ကျီးဖြူရွာသာခြင်းဆိုနီကတ်စွာလား မီးကြည့်ရေ

မဟုတ် ... ကျီးကန်းရွာသာခြင်းရာ လတ် ... ။


ထော!

ရွာဝင်ဝမှာ မတွိခရေ နှမ်းဖျာ

ရွာနောက်ဖက်မှာ ကန်ကမကန်

ကျီးကန်းချေတိ တအာအာ သာခြင်းဆိုယင်း

ဖျာခင်းလိုက်၊ နှမ်းဖြူးလိုက် ပျင်နီကတ်ယင့်

ကျီးကန်းတိရာမလား လူကိုမြင်စွာက မဟုတ်ဆိုပနာ

တတိန်းချေ ဆက်လို့အိပ်လိုက်တေ ... ။ ။

No comments:

Post a Comment