Saturday, 21 May 2016

လမ်း

ညည့်က နိကို နှုတ်ဆက်တေ
နိက ညည့်ကို လက်ယပ်ပြရေ
သူရို့ပြောင်းစွာ ငါရို့နန့် ဇာဆိုင်လေး
ဝေသာလီဆီမီးခွက်က အလင်းတလက်လက်
သံဝေဂတရားတိနန့် ပြုံးပြနီတုန်းသိ ... ။

အရက်ဆိုင်နားက ကျောင်းအိုလမ်း
ဝါကြီးမအိမ်နောက်က အရှိမျှော်လမ်း
ဖိုးခေါင်တောင်ထက်က သင်းကွဲလမ်း
လမ်းဆိုတိုင်း လမ်းကောင်းတိလို့ ဆိုရဖို့လား
ဒေလမ်းတိစွာ ကျွန်နက္ခတ်ထဲက မရဏလမ်းတိ ... ။

တချို့က ဇမ်းဗွတ် ကျံထားရေ
တချို့က ဒုံနာ လောင်းထားရေ
တချို့က ကျောက်စရစ်ကေ ခင်းထားရေ 
ကမ္ဘာအနှံ့မှာ ပုံစံအမျိုးမျိုးနန့် ဖန်တီးထားကတ်တေ ... ။

ဇာနန့်ပင် ပြုလုပ်ထားရေ လမ်းဖြစ်ဖြစ်
ကျွန်သကြဇ်ကို ဖြိုခွင်းဖို့
ကျွန်ပက္ခဒိန်ကို နင်းခြီဖို့
ရက္ခိတလမ်း ဖြစ်ဖို့ရာလိုရေ ... ။

ခိုင်ထွီး

No comments:

Post a Comment