Sunday, 29 May 2016

အိပ်မက်

အသက်ယှူလမ်းမကြီးစွာ
လီကောင်းလီသန့်တိနန့် တွိဖို့
မကြာမကြာ
အာရုံကြောမှာ သန္ဓေတည်ပနာ
အာသီသတိ မွီးဖွားတတ်တေ ... ။

တခါတခါ
ကမ်းစပ်ဖက်သို့ လားဖြစ်တေ
ယင်းမှာ
ပုပ်သိုးသိုးခွီးသီတကောင်ကို 
အလုအယက် ဆွဲငင်နီကတ်တေ ... ။

တခါတခါ
နယ်စပ်ဖက်သို့ လားဖြစ်တေ 
ယင်းမှာ
ဖန်ခါးခါးအရက်တပုလင်းကို 
ဝိုင်းလို့အုံလို့ သောက်သုံးနီကတ်တေ ... ။

တခါတခါ
တောစပ်ဖက်သို့ လားဖြစ်တေ 
ယင်းမှာ
ချစ်တူးတူးအနံ့အသက်တခုကို 
အံကြိတ်ပနာ ယှူယှိုက်နီကတ်တေ ... ။

အာရက္ခမြီမဟာကြီးတခုလုံး
ကာဗွန်ဒိုင်အောက်ဆိုက်(ဒ) ရနံ့သင်းလို့
ရက္ခဝဏ္ဏပန်းတောကြီးတတောလုံးလေ့
ညှိုးလို့ မှိုင်လို့ ထော ... ။

အဘာလေ
ရိုးမရင်ဖတ်မှာ ပေါက်နီရေ 'မှို'
ရက္ခဝဏ္ဏပန်းရာ ဖြစ်ခဖို့ဆိုကေ
အသာချေတခေါက် နမ်းကြည့်ချင်ယင့် ... ။

ခိုင်ထွီး

Saturday, 21 May 2016

လမ်း

ညည့်က နိကို နှုတ်ဆက်တေ
နိက ညည့်ကို လက်ယပ်ပြရေ
သူရို့ပြောင်းစွာ ငါရို့နန့် ဇာဆိုင်လေး
ဝေသာလီဆီမီးခွက်က အလင်းတလက်လက်
သံဝေဂတရားတိနန့် ပြုံးပြနီတုန်းသိ ... ။

အရက်ဆိုင်နားက ကျောင်းအိုလမ်း
ဝါကြီးမအိမ်နောက်က အရှိမျှော်လမ်း
ဖိုးခေါင်တောင်ထက်က သင်းကွဲလမ်း
လမ်းဆိုတိုင်း လမ်းကောင်းတိလို့ ဆိုရဖို့လား
ဒေလမ်းတိစွာ ကျွန်နက္ခတ်ထဲက မရဏလမ်းတိ ... ။

တချို့က ဇမ်းဗွတ် ကျံထားရေ
တချို့က ဒုံနာ လောင်းထားရေ
တချို့က ကျောက်စရစ်ကေ ခင်းထားရေ 
ကမ္ဘာအနှံ့မှာ ပုံစံအမျိုးမျိုးနန့် ဖန်တီးထားကတ်တေ ... ။

ဇာနန့်ပင် ပြုလုပ်ထားရေ လမ်းဖြစ်ဖြစ်
ကျွန်သကြဇ်ကို ဖြိုခွင်းဖို့
ကျွန်ပက္ခဒိန်ကို နင်းခြီဖို့
ရက္ခိတလမ်း ဖြစ်ဖို့ရာလိုရေ ... ။

ခိုင်ထွီး

Friday, 20 May 2016

နာမည်ခေါ်ကေ ဟန်စွလေ

စော-
စောစောမိုးထ ဗုဒ္ဓသျှင်ထံ
ပန်းမန်သစ်သီး ဆီမီးလှူကေ
ဟန်စိလေ ဟန်စွလေ။

သန္တာ-
သန္တာကျောက်ဆောင် လူ့ဘောင်အလယ်
တင့်တယ်ပြည့်ဝ ခက်လှဖြာကေ
ဟန်စိလေ ဟန်စွလေ။

လှိုင်-
လှိုင်ကြိုင်သတင်း မွှီးသင်းရနံ့
တည်တံ့ဂုဏ်အင် လူဝင်ဆန့်ကေ
ဟန်စိလေ ဟန်စွလေ။ ။

ခိုင်ထွီး