Friday, 22 January 2016

အား

သူက လူမြင်ကွင်းမှာ
အခြွီအရံအပေါင်းသင်းအားနန့်
ဘုရင်တဆူအလား ဖြစ်ချင်ဖြစ်လိမေ
အများနန့် တယောက်ဆိုတိုင်း
လင်ပါသားပိုင် မျောက်ခြောက်ခြောက်
ထောင့်ကြားမှာ ခေါက်ထားလို့ ရတမ်းလား ... ။

အလင်းက အရောင်ကို မျက်လှည့်ပြချိန်
အမှောင်က အလင်းကို မှတ်မိဖို့သိလား ... ။

ကြည့်လိုက်
သူ့ခေတ်နန့် သူ့လူ
သူ့လူနန့် သူ့စကား
သူ့စကားနန့် သူ့နွား
ပန်းလား မျောက်လား လှန်ကြည့်နီဖို့မလို
သူရို့ရင်ချင်းဆက် လက်ဆင့်ကမ်းရယ်သံ
ငါရို့နားမှာ ပန်ဆင်ချင်ကတ်သိလား ... ။

ဖွတ်နိုင်ငံမှာ ဖွတ်အလံရွှင့်လို့
ဖွတ်အရပ်နန့် ဖွတ်ဇာတ်
က,ချင်ပိုင် က,လီပတ်စီ
အယပ်တွဲရာဇဝင် အခန်းဆက်ထဲမှာ
ကိုယ့်အတ္ထုပတ္တိမပါစီဖို့ ဆုတောင်းလို့အပို
အသျှင်ရို့ ကိုယ်စီအစွမ်းကို ပေါင်းစု
အင်အားမှတ်တမ်းတခု ပြုစုထားခပါ ... ။


ခိုင်ထွီး

No comments:

Post a Comment