အား
သူက လူမြင်ကွင်းမှာ
အခြွီအရံအပေါင်းသင်းအားနန့်
ဘုရင်တဆူအလား
ဖြစ်ချင်ဖြစ်လိမေ
အများနန့်
တယောက်ဆိုတိုင်း
လင်ပါသားပိုင်
မျောက်ခြောက်ခြောက်
ထောင့်ကြားမှာ
ခေါက်ထားလို့ ရတမ်းလား ... ။
အလင်းက အရောင်ကို
မျက်လှည့်ပြချိန်
အမှောင်က
အလင်းကို မှတ်မိဖို့သိလား ... ။
ကြည့်လိုက်
သူ့ခေတ်နန့်
သူ့လူ
သူ့လူနန့်
သူ့စကား
သူ့စကားနန့်
သူ့နွား
ပန်းလား မျောက်လား
လှန်ကြည့်နီဖို့မလို
သူရို့ရင်ချင်းဆက်
လက်ဆင့်ကမ်းရယ်သံ
ငါရို့နားမှာ
ပန်ဆင်ချင်ကတ်သိလား ... ။
ဖွတ်နိုင်ငံမှာ
ဖွတ်အလံရွှင့်လို့
ဖွတ်အရပ်နန့်
ဖွတ်ဇာတ်
က,ချင်ပိုင်
က,လီပတ်စီ
အယပ်တွဲရာဇဝင်
အခန်းဆက်ထဲမှာ
ကိုယ့်အတ္ထုပတ္တိမပါစီဖို့
ဆုတောင်းလို့အပို
အသျှင်ရို့
ကိုယ်စီအစွမ်းကို ပေါင်းစု
အင်အားမှတ်တမ်းတခု
ပြုစုထားခပါ ... ။
ခိုင်ထွီး