ဓားစာခံ
ရှိကလူက
နောက်ကလူကို ဝှက်
ကြားကလူက ဓားစာခံ ... ။
အရှိက လူမျိုးက
အနောက်က လူမျိုးကို ဝှက်
အလယ်က လူမျိုးက ဓားစာခံ ... ။
မောင်စံမှာ ကံလေ့ မကယ်နှိုင်
ဆားက(စ)ပွဲ
မျက်လှည့်ပွဲ
ဖဲပွဲတိထက်ပင် ညှက်တေကာ ... ။
ထော ...
ဒေသံသရာကို
မြီလှန်ဖို့ ကြိုးစားယင်း
ကွဲပြားခြားနားရေ အကြံ
အတ္တနာမ်စားပင်လယ်မှာ
တထပ်စာ ငါးမျှားတွင်း
အနွတ္တသညာခံ တီရို့ဘဝ
အလားလား အပါးပါး
ယှားပါးသတ္တဝါအဖြစ်
ရာဇဝင်မှာ ကျန်လိုက်ဖို့ယေ ... ။
ခိုင်ထွီး
No comments:
Post a Comment