Thursday, 13 August 2015

ဆန်ထဲက သွီးတစက်

သြဂတ်(စ)ဆယ့်သုံး
အယှုံးနက္ခတ်မှာ မွီးဖွားသူရို့
ရက္ခိတနှလုံးသားမြို့တော်တခု
အစုလိုက် အပုံလိုက် သတ်ဖြတ်ခံ
သြီးႄကြီးထပ္တင္က်န္ခေရ နိတနိ … ။

သြဂတ်(စ)ဆယ့်သုံး
ယင်းနိမှာလေ အပြုံးပန်းတိရှာမရ
စားသုံးဖို့ ဆန်ဗလာနတ္ထိ
ငါ့ဝမ်းပူဆာ မနီသာရေခါ
ရှက်စိတ်ချေနန့် ပါးစိကိုက်ပနာ
“ထမင်းကျန်ပီးပါ … ထမင်းကျန်ပီးပါ”
တစာစာ ငိုတောင်းသံတိ
ဘဝဂ်ညံစီခရေ နိတနိ … ။

သြဂတ်(စ)ဆယ့်သုံး
ခွီးပတုံးကို ကျိုင်တောင့်စွပ်
မဆလ နာမည်တပ်သူရို့
ဆန်ပြဿနာကို မဖြီယှင်းလို့
“ပြုတ်ဆန်မစား ရခိုင်သား” ဆိုရေ
မဟုတ်မခံ ပြည်သူ့ဆန္ဒသံ
သနတ်သံအောက်မှာ ဖပြားဝပ်စီခ
“လူ့အခွင့်ရီး … လူ့အခွင့်ရီး” ဗန်းတပြပြ
ကမ္ဘာ့အဘိဓာန်ထဲက ဝေါဟာရ
ငါရို့ဖတ်ခွင့်မရခရေ နိတနိ … ။

သြဂတ်(စ)ဆယ့်သုံး
ဆုံးယှုံးခံဘဝတိ အသက်ဝိညာဉ်
လေးဆယ့်သျှစ်နှစ်စိလားကေတောင်
သုံးပိုင်းအပိုင်းခံ ကမ်းနားလမ်းမြို့က
သွီးစွန်းအက္ခရာတင်ကျန်ခရေ ပြဿဒါးနိ
ရခိုင်ပက္ခဒိန်ထက်မှာ မမြင်ဖူးသိ

(အမျှ … အမျှ … အမျှ)
(ကောင်းရာသုဂတိကို ရောက်ကတ်ပါလီ)

ယေကေလေ့သော့
အကျွန်ရို့ရင်ဖတ်ထဲမှာ
(ဆယ့်သုံးသြဂတ်(စ) မမိကတ်သိ)… ။

ခိုင်ထွီး

Friday, 7 August 2015

ဆုံးယှုံးခြင်း

တရက်ထက်တရက် တနှစ်စာ ပက္ခဒိန်ထဲမှာ
အားနည်းမျက်ရည်ရို့ ငိုသံကျွီးသံတိ
အပြုံးမျက်ရည်ရို့ စိမ့်ယိုကြွီကျသံတိ
ခြီချဖို့နီရာ ယှားပါးပါလတ်တေ … ။

ရှိမှာ ကြင်းကြင်းလင်းလင်း မြင်နီရရေ
နောက်ကို လှည့်ကြည့်လိုက်တေ
ဘေးနံတိကို သိုင်းကြည့်မိရေ
တခန္ဓာလုံး ကြက်သီးဖြန်းဖြန်းထလားရေ … ။

ခြီထောက်နှစ်ဖက် မြီပြင်သို့ ချလိုက်တေ
ရပ်လို့မရ … ။

လက်နှစ်ဖက် ရစွာကို ကိုင်ဆွဲလိုက်တေ
ကိုင်လို့မရ … ။

နောက်ဆုံးမှာ
ပါးစတပေါက်နန့် ရီသောက်ကြည့်ရေ
သောက်လို့မရ … ။

ယင်းခါမှ
ဘဝပြောင်းလားခစွာကို သိလိုက်ရရေ … ။

ခိုင်ထွီး

Sunday, 2 August 2015

ဆို့နာ

၂၀၁၅ ဂျူလိုင် နန့် သြဂတ်(စ) ကြား
ဘင်္ဂလားပင်လယ်အော်ကို ကိုမန်အကူး
ခွီးရူးပြန်ပွဲသဘင် အကြိုကာလ အတိတ်နိမိတ်လား
မိစ္ဆာမိုးက မြူး .. လီက မူး .. လှိုင်းက လူး … ။

သက်ဟိ၊ သက်မဲ့၊ ဒြပ်ဟိ၊ ဒြပ်မဲ့ရို့ အားလုံးပြိုင်တူ ငို ဆို့
“သူ”က ကူညီပါရစီဆိုင်းဘိုးကို စခန်းဝမှာ ဆို့လို့ … ။

အဝီးက ဖီးဒုက္ခ ကြားမြင်ရသူရို့ အပူလုံး ဆို့
“သူ”က သတင်းအမှားအော်ပနာ ဝမ်းသာလုံး ဆို့လို့ … ။

အချင်းဆက်သူရို့ ကမ်းလက်ကူကတ်လို့ အညောင်း ဆို့
“သူ”က အစိမ်းရောင်နှလုံးသားနန့် ကမ်းနားလီ ဆို့လို့ … ။

ဒေဝဒတ်ကို ဘုရားမှတ်တေ အမှောင်ကလူ ရင်ဆူလို့ ဆို့
“သူ”က မြင်သရွိကို ခြစ်ပနာ အမြစ်မကျန် ဆို့လို့ … ။

ဆို့ထား … ဆို့ထား …
မသထာရေ လူ့သြဇာတိကို ဆို့နှိုင်သရွိ ဆို့ထား
ကမ္ဘာပျက်လို့ မွီးစပ်သားကို ပစ်ထားစွာ အဆန်းမဟုတ် ... ။

တောက်!
ငါရို့က အဖမဟိသား ရီခန်းငါးရာ
ပင်လယ်ရီပြင်နန့် ရင်ဘောင်တန်းခံရရေ ငမွဲသား
“သူ့”ကို ခါးသီးရင့်ရောင် ထင်းထင်းချယ်စွာ အဆန်းလားယေ
နောက်တဖန် သံသရာရွာမှာ မကြုံပါစီကေ့ လို့ … ။

ခိုင်ထွီး