အိမ်
အနီဝီးကွာ၊ ကိုယ့်ပြည်ရွာက
ဆရာမိဖ၊ မောင်နှမရို့
ငယ်ကပေါင်းသင်း၊ ဆွီမျိုးရင်းရို့
သည်းချင်းချိတ်ဆက်၊ နွီးထွီးလက်နန့်
တရက်မပြတ်၊ ပြုံးကြိုကတ်တေ။
ကန္တာရမိုး၊ သဲရွာဖြိုးခါ
ရိုးတောင်စိမ်းမြ၊ ကစ္ဆပနန့်
လှပသာယာ၊ ကမ်းသန္တာက
ရာသီသုံးလီ၊ တလီစီပြောင်း
နွီမိုးဆောင်းရို့၊ လက်ယပ်ခေါ်ရေ။
တပြည်တိုင်းခြား၊ လူစိမ်းကြားမှာ
သောကဖြာခါ၊ ချက်မြှုပ်ဌာနီ
ရွှီထွက်မြီက၊ အမြင်ရဆိုး
ထိုဖြစ်မျိုးကို၊ ငိုလို့ယိုလို့
လွမ်းအူဆို့ပျာ၊ လာဖို့မှာရေ။
အရှိလီပူ၊ နောက်ဆူဗရမ်း
အကြမ်းထခါ၊ ဝမ်းစာမလောက်
ကြုံကောက်လုပ်ကိုင်၊ အနိုင်မခံ
သွီးမှန်ထုတ်ပြ၊
ရက္ခလှိုင်းသံ
အားမာန်ဇာတိ၊ အသိပီးရေ။
ကြန်အင်မြို့ကောင်း၊ ထောင်းထုဒဏ်ကြောင့်
ထောင့်ကြားဘုရား၊ အားအင်ခြောက်ခန်း
ဂြွမ်းဂြွမ်းပြိုဟောင်း၊ ဂေါင်းခြီခြားလျက်
လက်ပိုင်းခြုံနွယ်၊ ဆယ်မနှိုင်ရေ
ဒေအနိစ္စ၊ အမြင်ပြရေ။
ဥသြရီသောက်၊ ရာသီရောက်ကေ
မမှောက်အလံ၊ အာဂသံနန့်
ပြောသံဟောသံ၊ သောသောညံပျာ
မိုးယံစည်တီး၊ တုန်မြည်ဟီးယှောင်
ကြက်သီးထောင်ယောင်၊ ဦးဆောင်ပြရေ။
သိုက်မြုံအိမ်ယာ၊ နီမချောင်လေ့
ယှောင်ခွာမမုန်း၊ အယှုံးမခံ
ကျရာတာဝန်၊ ဌာနီမရွီး
အဝီးအပါး၊ တအားကိုယ်စီ
ပျိုအိုချိန်သိ၊ အိမ်မှာဟိလီ။
ခိုင်ထွီး
No comments:
Post a Comment