Wednesday, 6 August 2014

'အာ'ရက္ခတော့ မဖြစ်စီချင်

အို ... သာစွဌာနီ
သာစွဌာနီ၊  လေးကိုင်းမြီမှာ
အနီမချောင်၊  သူများဖျောင်တွင်း
မြစ်သောင်ကမ်းစပ်၊  ဝေဟင်ဖြတ်ကာ
လားကတ်လားကတ်၊  လာသူပြတ်လို့
ငတ်မွတ်ပူဆွေး၊  စောင့်မျှော်ငေးပျာ
အဝေးငါ့သား၊  မျိုးကောင်းသားရို့
ကိုယ့်အားကိုယ့်ဆွီ၊  ကိုယ့်လက်ခြီနန့်
ကိုယ့်ရီကိုယ့်မြီ၊  ကိုယ့်ဌာနီကို
ချိန်မီကူဖို့၊  လာကတ်ဖို့လား ... ။

အို ... အမျိုးသီလ
အမျိုးသီလ၊  နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင်၊  စောင့်စွမ်းနှိုင်ဖို့
အစဉ်အမျိုး၊  နန်းမြို့ရိုးနန့်
ပုထိုးစာတီ၊  ပြန်နိုးလီယောင်
ပီသအာဂ၊  အာသံလှနန့်
အမျိုးချစ်ရို့၊  အော်ဟစ်လို့ပင်
ငါရို့မော်ကွန်း၊  ရင်တွင်းမွန်းပျာ
ဗြန်းဗြန်းဆာလို့၊  တုန်လီဖို့လား ... ။

အို ... နုလှစာပီ
နုလှစာပီ၊  စာပန်းချီရို့
ရာသီကြမ်းတမ်း၊  ဒေါသလွှမ်းလို့
နွမ်းပန်းကြုံလှီ၊  ရိုးတောင်ခြီမှာ
မသီငရဲ၊  ချင်ဆီဆွဲတမ်း
သူဆွဲကိုယ်ဆွဲ၊  အပြဲပြဲနန့်
အကွဲသတ်ပုံ၊  ဂေါင်းမဆုံခါ
အမုံလေ့သီ၊  အပွင့်ကြွီကို
ဒေဝီစောပြည့်၊  ကြည့်ဝံ့ဖို့လား ... ။

အို ... ရက္ခိတရို့
ရက္ခိတရို့၊  မူးအန်ဆို့လို့
အော့ပျို့နှလုံး၊  လူမသုံးခါ
အမုန်းကိုယ်စီ၊  သောကဝီလျက်
ရှိချီမလှမ်း၊  ယစ်ကြမ်းလမ်းမှာ
မမှန်းပန်းဖူး၊  ပြည်သာမြူးဖို့
မတူးမဖော်၊  ကျွန်တွင်းပျော်ကို
မြတ်စွာဗုဒ္ဓ၊  တရားချလို့
ကျဖို့သိလား၊  ရဖို့သိလား ... ။

အို ... အာရက္ခရို့
အာရက္ခရို့၊  ငါရို့လူမျိုး
ကျွန်မျိုးမဟုတ်၊  မဟုတ်မခံ
ချင်းပြန်ဓားသွီး၊  ကြောက်မွီးမပါ
အာဇာနီမျိုး၊  ရှိတိုးတော်လှန်
တာဝန်ကိုယ်စီ၊  ထမ်းလီမှရာ
နီရာမှန်ဖို့၊  အာရက္ခရို့ ... ။

အို ... အာရက္ခရို့
အာရက္ခရို့၊  အာရက္ခရို့
'အာ'ရက္ခတော့၊  မဖြစ်စီချင် ... ။ ။ ။

ဥက္ကာမင်း

No comments:

Post a Comment