Saturday, 14 June 2014

ဒဏ်ရာနန့် ဝံလက်

ဒုက္ခအာနိသင်ကို သုခမှတ်
သင်္ဂါရရသ ငတ်မွတ်လို့
သွီးသားရို့ဆာလောင်
လောကီသားကောင်ပီပီ
နှလုံးသားကို ဗဟိုပြု
လောကဓံကို အန်တုလို့ခံ
ပကာသနလီဆန်ကို ထိုးပျံဖို့
တောင်ဖံခတ်သံ မသာယာခါ
အခါခါ မြားဒဏ်ရာရစွာ
အဆန်းကား မဟုတ်ယာ ... ။

လောဘသားကောင်ပီပီ
တရားကိုတောင် မောဟနန့် ဖုံး
မဆုံးသိရေ ကန္တာရဝေဟင်လမ်းက
နာခါနာ ကြင်ခါကြင် ဘဝမှာ
သံဃာယနာ အရာသုံးခါတင်တင်
အယှုံးမပီးရေ ဒုက္ခိတအနာအတွက်
နှလုံးမအီးရေ ကုထုံးတိတွိသရွိ
သွီးတန်းလန်းနန့် တောင်ဖံတစုံ
သပွတ်အူလိုက် ဗန်းတီထချင်ထ
ခြီစုံရပ်လို့ရဖို့ တော်ရာဌာနီသို့
သစ္စာတရားကို အခြီခံပနာ
မေတ္တာတရား ရှင်သန်နှိုင်ဖို့
အမိုးအကာ ဗလာနတ္ထိ
ဇရပ်အိုက အယပ်ပြို ဖြစ်လီပတ်စီ
ဇီဝကို သီမင်းမကောက်ချင်လို့
အနိစ္စ မဖောက်သိကေ
ရောက်ချင်ရာရောက် ပျံသန်းနီမေ ... ။

ခိုင်ထွီး

No comments:

Post a Comment