Monday, 3 March 2014



သာစွလေ

သဇင်ပန်းခိုင်၊  တမြိုင်မြိုင်လို့
ရခိုင်ဘုရား၊  ကိုးကွယ်ထားရာ
တိုင်းခြားရိုးမ၊  လခြမ်းအထက်
ရက္ခဝဏ္ဏ၊  ဥယျာဉ်လှတွင်
ဖူးစပွင့်လှာ၊  စာမျက်နှာသစ်
ဖတ်စာရခိုင်၊  ရွှီမဏ္ဍိုင်ကား
နောင်းခိုင်ရှားကား၊  မလျှော့အားမာန်
ဖိပြားမခံ၊ ဇာတ်မှန်လှန်ပြ
ဖိုးတန်သမိုင်း၊  ပုံခိုင်းနှိုင်းက
ယိမ်းကိုင်းကဟန်၊  နန်းသူပန်ထိုက်
မြင့်စံတော်ဝင်၊  ဂေါ်သဇင်ပိုင်
အဆင်ကောင်းခြင်း၊  အရောင်ထင်းထင်း
ကြိုင်သင်းရနံ့၊  ယှူသူအံ့ပျာ
ပြန့်နှံ့ပီတိ၊  ဂွမ်းဆီထိယောင်
မြင်မိတိုင်းလန်း၊  ဘဝင်မြန်းချိန်
နီဝန်းအကူး၊  အရုဏ်ဦးကို
အထူးမျှော်မှန်း၊  လက်တူလှမ်းကေ
စာပန်းခင်းမာ၊  ဖူးပွင့်သာမေ
သာယာစွလေ၊  သာစွလေ။

ဥက္ကာမင်း

No comments:

Post a Comment