Tuesday, 25 February 2014

လီယာဉ်ပျံစီးပိုင်ရာတွိယင့်

          မိုးထစောစော နီလုံးကြီးပွင့်အန်လှာစအချိန် "ဒေါက်ဒေါက်... ဒေါက်ဒေါက်... အစ်ကိုကြီး... အစ်ကိုကြီး"လို့ အသံတတိုးချေ ခေါ်လိုက်တေ။ အစ်ကိုဖြစ်သူက မနိုးလှာရေအတွက် "ဒေါက်ဒေါက်... ဒေါက်ဒေါက်... အစ်ကိုကြီး... အစ်ကိုကြီး"လို့ အသံကျယ်ကျယ်ချေ အရာတခေါက် လှမ်းခေါ်ပြီးကေ ဂုထိမထသိလားလို့ မီးလိုက်တေ။

          ယေမှ အစ်ကိုသည် ဝါတသမ်းသမ်း မျက်စိကို လက်ချေနန့် တိုးယင်း "ဧဝေး... ကျော်ခိုင်ဦး ငါ အိပ်ပါလားခရေထော။ အိမ်မာ တယောက်လေ့ မဟိကတ်ပျာလ်လား"လို့ ပြန်မီးလိုက်တေ။

          "ဧ တယောက်လေ့ မဟိကတ်ပျာ။ အဘောင်သျှင်ယင် ဈီးပြုဖို့လားခပျာ။ ကျန်ရေလူတိလေ့ သူ့စွာနန့်သူ အလုပ်လားခကတ်ပျာ။ အလျင်ပလျင် တချက်ထဖိ။ ညက အစ်ကိုကြီးက မောင်ကို စာချေတိ ဖမ်းပီးဖို့ဆို။"

          ယေခါ မောင်သာဦး စုတ်ခနဲထပနာ အိမ်နောက်ဖက်က ပြတင်းပေါက်ချေကို အသံမမြည်ယောင် ဖွင့်လိုက်တေ။ ပြတင်းပေါက်က ဂေါင်းချေပပြူပပြူနန့် ထိုဖက်ဒေဖက်ကို အိမ်နားပါးချင်းလူကြီးသူမတိဟိလာ သိုင်းပနာကြည့်ပစ်လိုက်တေ။ တယောက်ကိုလေ့ အရိပ်အရောင်မမြင်ရ။ မွီးခါစစာချေတိရာ အိမ်ခေါင်အစွန်းကအသိုက်မာ တကျွိကျွိ မြည်နီရေအသံကို ကြားရရေခါ ညီသည်ကို လက်ယပ်ခေါ်လိုက်တေ။ "ထော... ထိုမာ နားထောင်ကြည့်! ကြားရလာ။"

           "ဧ ဟုတ်တေ အစ်ကိုကြီး စာချေတိ အများကြီးဟိဖို့ ထင်ရေ။ အဘောင်သျှင် နန့် ခင်ခင်ရို့  အိမ်ကိုမရောက်ခင် အလျင်ဖမ်းပြီးကေ အသံမကြားရရေ နီရာတခုမာ ဝှက်ထားရဖို့။ မဟုတ်ကေ မောင်ရို့ အဆဲခံရကတ်ဖို့။ ဈီးက မုန့်ဝယ်လှာစွာ မစားရဘဲနန့် တုတ်မုန့်စားရဖို့ဒေ။"

          "ဧ ဧ ... မင်းအိမ်ရှိက ဘရံတာကိုထွက်လီ။ လူလာကေ ငါ့ကို တေးခြင်းအော်ဆိုပနာ အသံပီးလိုက်။"

          အိမ်ကတော့ အိမ်ကြီးယာသန်ရာ။ အိမ်ဂြောက်ပင်က မိမတယောက် ရီအိုးခွက်ခေါင်းတင် ရွှတ်တောင်မက အရာအင်တန် အမြင့်ဟိသိရေ။ အိမ်ခြံကလေ့ အကျယ်ကြီး။ ယေကေလေ့ အထက်တန်းကျောင်းဆောက်ဖို့အတွက် အိမ်ဖြိုရာမာပါခလို့ အရာတခေါက် အစိုးရချပီးရေ မြို့ သစ်ရပ်ကွက်မာ ပြန်ဆောက်ထားရခါ ကြမ်းခင်းပျဉ်တိ ကော့တက်စွာတက်၊ ဖောင်းခတ်ပျဉ်ပြားတိကလေ့ အယင်နဂိုအိမ်မာလောက် ခိုင်ခိုင်နောင်းနောင်းမဟုတ်ပျာ။

          ညီသည် အပြင်ကို ထွက်လားခစွာနန့် ဘောင်းဘီချေကို စကေဆွဲတင်ပြီးကေ ပြတင်းပေါက်ထက်ကို တက်လိုက်တေ။ ယေပြီးကေ အခေါင်ဆင်ထားရေ ဝါးလုံးတန်းတတန်းကိုကိုင်ပနာ အောက်ဖက်တန်းခါးဘောင်ထက်မာ ညာခြီထောက်ချေတင်လို့ ထိုယိုင်းဒေယိုင်းနန့် အသိုက်ကိုနှိုက်ဖို့ လက်လှမ်းကြည့်ရေ။ မောင်သာဦးက ၅-တန်းစာမီးပွဲကျီလို့ စစ်တွေက အမျိုးလည်ဖို့ရောက်နီစွာ။ အကောင်ကလေ့ ကောင်းမထွား၊ အရပ်ကလေ့ ဇာတ်မာလိုက်တေ ဆူပါချေနန့် နင်လားငါလား။ သဲစွာယှုပ်စွာမာ ကျောက်တော်တောင်က မျောက်တိလောက်ကို သနားရေ။ ကြိုးစားပမ်းစား လှမ်းကြည့်သိရေ။ လှမ်းမျိုးလှမ်း တခုပိုင်လေ့ လှမ်းလို့မမီ။ အသိုက်က အိမ်ခေါင်အစွန်းနားမာရာ ဟိလီရေ။ ယေကေလေ့ လုံးဝလက်မလျှော့။ အသိုက်ဟိရေဖက်က တန်းခါးပိတ်ကို ပိတ်ပနာ မိုးဂျောက်ကို အသာချေ "ဂျောက်"ခနဲပင်ချသတ်ပစ်လိုက်တေ။ ပြီးကေ ပထမတခေါက်အနှုန်း အခေါင်ဆင်ထားရေ ဝါးလုံးတလုံးကို လှမ်းဆွဲကိုင်လိုက်တေ။ နောက်ကုန်းကို ထရံနန့်ကပ်ပနာ ညာခြီထောက်ကို ပြတင်းပေါက်အောက်ဖက်က တတန်းတည်းသတ်ထားရေ ဖောင်းပြားမာ ဖဖော့ချေ ချရေ။ ဒေလောက်ကေ အဆင်ပြီဖို့ပျာဆိုပြီးကေ "အသျှင်ဘုရား စာချေတိ အများကြီးဟိပါစီ"လို့ ဆုတောင်းလိုက်သိရေ။ တချိန်တည်းမာပင် စာမပျံလှာပနာ "ပြုတ်ဆင်းလို့ သီပါလီ"ဆိုပြီးကေ ထပ်ယင်းထပ်ယင်း "ကျောင်ကျောင်"နန့်ပင် ကျိန်စာတိုက်နီလီပါရေ။ မောင်သာဦး စိတ်မာတော့ "ဒေစာမတကောင် တကျောင်ကျောင်နန့် ဇာလာအော်နီလေဆိုပြီးကေ" ခခုချေခံလားရေ။ ယေကေလေ့ နောက်ခြီတဖက်ပါ ဖောင်းပြားကိုနင်းပနာ အသာအသာ တရွိရွိ လျှောက်လားပြီးကေ စာသိုက်ကို စိတ်ကြိုက်နှိုက်ပစ်လိုက်မေလို့ စိတ်ကူးလိုက်တေ။ ယင်းနောက်ခြီတဖက်ကိုပါ ဖဖော့ချေချလိုက်တေ။ ဖောင်းပြားတိက မနောင်းရေခါ ကြွိကြွိနန့်ပင် အသံမြည်လှာပနာ တခါတည်း ချခရော်ပြန်ပနာ လူးဆင်းလားခစွာ မြီပြင်မာ အုန်းသီးကြွီကျစွာပိုင် ဗုန်းခနဲမြည်သံတခုနန့်တတူ မျက်စိမျက်ဆန်ပြူးပနာ ခွီလို့ထိုင်ကျလားရေ။  

          ယင်းလူးကျရေအသံကို ကြားရေ အိမ်နောက်ဖက်အိမ်က တန်းပျင်းမာ ငရုတ်သီးကြိတ်နီရေ အရီးချခံမေ မျက်စိမျက်ဆန်ပြူးနီစွာကို မြင်ရေခါ တရှင်ရှင်ကျွီးပနာ အလန့်တကြား "အမိလေ လူရို့  ထိုအိမ်က အချေတယောက် လူးကျလို့ သီပျာလားမသိ။" ယင်းအရီးအော်သံကြောင့် အိမ်နားကလူတိ ချခပ်သခပ် ဗြီးပါလတ်ကတ်တေအချိန်မာပင် ဈီးက အဘောင်မသည်နန့်ု ဝရီးသည်ရို့  ပြန်ရောက်လတ်ကတ်ပါရေ။ ညီသည်ကျော်ခိုင်ဦးမာ နတ်ကရာမာ ကျီးမောမောလို့ ထိုကြည့်ဒေကြည့်နန့် အဆဲကျဖို့စွာကြောက်လို့ အသံတောင်မထွက်ဝံ့ပျာ။ ဝရီးသည် ဇောချွေးတိပြန်ပနာ ဗြီးပါလတ်ပြီးကေ "ဇာဖြစ်စွာလေး၊ ဇာဖြစ်စွာလေး" လို့ ကြောက်ကြီးသံဖက်ဝဝင်နန့် မီးလိုက်တေ။ သူက ယင်းအချေကို ကျောင်းပိတ်နီတုန်း အမျိုးလည်ဖို့ခေါ်လှာရေဆိုခါ တခုခုဖြစ်ကေ သူ့ဂေါင်းမာကျဖို့စွာကို ကြောက်နီရေ။ အသံတိတတုန်လလှုပ် "ဝေး ကျော်ခိုင်ဦး မင်းအစ်ကိုအတွက် ရီတခွက် အလျင်ယူခ"လို့ လှမ်းအော်လိုက်တေ။ ယင်းအချိန်မာပင် မောင်သာဦး မျက်စိ အသာအသာ ပွင့်လှာရေ။ ယေခါမှ ဝရီးသည်  အသက်ကျပနာ ပပြုံးရရွှင်"ဝေး မျောက်သာဦး သတိရလှာပျာ၊ မျောက်သာဦး သတိရလှာပျာ"လို့ အားရဝမ်းသာ လူတိကို အော်ပြောလိုက်တေ။ သဲစွာယှုပ်စွာမာ မျောက်ထက်သာလို့ ဝရီးသည်က နာမည်နန့် လူနန့်လိုက်ယောင် မျောက်သာဦးလို့ တွက်လို့စီခေါ်ရေ။ ဝရီးသည်က တူသည်ကို ရီတတုတ် နှစ်တုတ် တိုက်ပြီးကေ "ဝေး မျောက်သာဦး  ဇာတိယက်တိနာလားလေ။ မင်းယင် ကောင်းကံကောင်းလားရေ။ ထိုဖက်ပြတင်းပေါက်က လူးကျလားဖို့ဆိုကေ အောက်တတည့်မာ ကျောက်ဖျာကြီးဟိရေနန့် မင်း တခါတည်း လစန့်ကြောင်လားဖို့ယေ"လို့ ပြောလိုက်တေ။

          "အူး... ခင်ခင်မာလေ့ လူကိုစီ မျောက်နန့်နှိုင်းနီဖို့ယှင့်။ တခုလေ့ မဖြစ်ပါကာ။ ယေကေလေ မောင် ပြုတ်ပနာ လူးကျရေခါ ကောင်းဇိမ်ပါစွာမလား"လို့ ပြုတ်မနူးရေ ပုရစ်မျက်နှာချေနန့် ဝရီးသည်ကို ပြောလိုက်သိရေ။

          "ယာ... ကောင်းအထူးအဆန်းကာ ဝေး။ ဇာဖြစ်လို့လေး။"

          "အူး... ခင်ခင် လူးမကျဖူးလို့ မသိစွာရာ။ ပြုတ်ဆင်းဆင်းချင်း ဇိမ်ချေနန့် လီယာဉ်ပျံစီးနီရရေပိုင်ရာတွိယင့်။ အောက်ကိုရောက်မှ ထိုင်ကျလားခလို့ ချငေါင်းရိုး တဖဲ့ချေနာနီလို့ မျှိုင်းနီစွာပါရာ ခင်ခင်"လို့ ပြန်ပြောလိုက်တေ။

          ယင်းအချိန်မာ အားလုံးသူ "ဟား  ဟား  ဟား" ပြိုင်တူရယ်ပစ်လိုက်ကတ်တေ။ ပြီးကေ အိမ်နားပါးချင်းတိလေ့ သူရို့ အိမ်ကို သူရို့  ပပြုံးချေ ပြန်လားခကတ်တေ။ ။ ။ 

No comments:

Post a Comment