Wednesday, 18 December 2013

ချဗြန်းထိုး....."မိုး"

မိုးညင်းချေ ဖြောက်စိဖြောက်စိ ကျခါထိကပင်
တတောင်လောက်နက်တေ ကျုတ်တိကိုကျော်နင်း
မရနန့်အရ ဇွဲ၊ လုံ့လ၊ ဝီရိယတိ အရင်းတည်
သမုဒယ ခရီးရှည် နှစ်ပင်လိမ် အတွယ်တာ ကြိုးတမျှင်
နောင်းနောင်းနားနား မပြုတ်ထွက်အောင် ချိုင်ထားပစ်ခ
အကြင်နာချောင်း တဖက်က ကမ်းတိုင်ချေနန့်
ရက်၊ လ၊ နှစ်တိ ရွီတွက်မရအောင် ကွာဝီးနီရေ
မှုန်ဝါးဝါး ပင်လယ်ပြင် တနီရာမာ လုံးချင်းတည်း
ယုံကြည်ချက်နန့် ဆန္ဒတိကို အဖော်ပြု
ကမ်း၊ လမ်းမမြင် ရိုင်ဖီရိုင်ဖတ် လှော်ခတ်
သီချာမှုဟိရေ အနာဂတ်ရို့  ပြတ်လပ်
မေတ္တာတရားအပေါင်း ဇာလောက်ပင်ငတ်
မွတ်လို့အခါတရာ သီချင်ကေ သီလီပတ်စီ
ငါ့လက်ထဲမာ ဆုတ်ကိုင်ထားရေ တက်ရှင်
မရွတ်ကျသရွိ... တရွိရွိ... တဆတ်ဆတ်
လှိုင်းလီသတ်စွာတိကို မိမောသီသတ်ခံ
အဆက်မပြတ် လှော်ခတ်နီတုန်းကာလ
မိုးဦးကျမာ လူတိ အချစ်အညာရီပေါက်ချိန်
ငါကတော့ ပက်လက်မျိုးနီရေ လောင်းချေထက်မာ
မွန်းကျပ်မှုတိနန့် သောကသောင်ထွန်းနီတုန်းသိ
ပါးစက ဆားမရရီမရ ပြတ်စိပြတ်စိ မြည်ပနာ
ရွာလှာတတ်တေ အငြိုးကြီးရေ မာနလွန်မိုး
ချဗြန်းထိုးပနာ အရာတခေါက်ချက် မရွာလိုက်ပါကေ့လို့
ဆုတောင်းလိုက်ပါယင့်................."မိုး"...................။
ခိုင်ထွီး

No comments:

Post a Comment