Friday, 31 May 2013

က်ိန္စာသင့္သူ

မေတ္တာတရား ဆိတ်သုဉ်းခေါင်းပါး
အမုန်းတရား ဒရဟောစီးကျနီရေ
ဒေဘဒ္ဒ ကမ္ဘာမြီကြီးဧ့ တနီရာမာ
ငါဆိုရေ သမိုင်းတရားခံ အတ္တတချောင်း
အမှန်နန့် အမှားကို ပြောင်းပြန်လှန်
အကြံ သောင်းပြောင်းကြီးသတ်ပနာ
လမ်းကောင်းက ခရီးမောင်းနှိုင်ဖို့
နာလန်မထူနှိုင်ရေ သတ္တဝါရို့ ကို တက်နင်း
ကမ္ဘာ့အပြင်ဖက် နီရာတချို့ ကို ရည်စူး
အာကာလီစားယင်း ယစ်မူးအော်ဟစ်
တဏှာရူးတိ ကြိုက်တေပုံစံမျိုးနန့် ပဲများ
ဝမ်းကားရားနန့် ဂျောင်တကာမာ လမ်းသလား
မသားနားရေ ကုလားဇီးခြုံမာ ထဘီငြိလို့
ကျေးဇူးသျှင်တိကို မြင်ယင့်သားနန့် ခလုံးသတ်
ချခရော်ပြန်ပနာ ဖပြားဝပ်လို့ ပွဲပြတ်လားခါမှ
ဘုရားအလီလီတ ယူကျုံးမရ အဖြစ်ဆိုးနန့်
မှားကြောင်းကို အယူခံလာကေတောင်
ဒိတ်အောက်လားခရေ ဆီးတိဝါးတိပိုင်
အာနိသင်ပျောက် ခရီးမရောက်နှိုင်ဗျာလ်
ဖျောက်လို့မရရေ အာဏာရူး အတ္တက သူ့ကို
ကျိန်စာသင့်သူ တယောက်ဖြစ်ဖို့ အတွက်
ပါးစသရမ်းထ ကမ္ဘာပြတ်ကသိအောင် ဗန်းပြ
သူ့သမိုင်းက သူ့ကို အကန့်သတ်မဟိ ဒဏ်ခတ်
အဆုံးသတ်မာ တွင်းမရရေ ခဲဝါပိုင် ပျင်မနီကေ့
ကိုယ့်ရီးခရေ ကိုယ့်သမိုင်းနန့် လာလမ်းအတိုင်း
ကိုယ့်လမ်းကို ကိုယ်လျှောက်လီဖိ..................။

ခိုင်ထွီး






Monday, 27 May 2013

လက်တို့ခယင့်

ဖူးပွင့်လာခါစ
သဇင်ပျိုတခက်
ဝင့်ကြွားချိန်မရ
မိစ္ဆာလက်ချက်
မြီခကြွီကျ
မေလ နှစ်ဆယ့်သျှစ်
နှစ်ထောင့်ဆယ့်နှစ်
မျိုးချစ်သူအပေါင်း
ပြည်ကိုမပစ်
မျိုးချစ်ကတ်ဖို့
ခွီးကိုက်ခံဘဝ
ပျိုဖြူဖြစ်ခရလေ့
ငိုယိုစွာမကြိုက်
နှင်ထုတ်လိုက်ဖို့
လက်တို့ခယင့်.....။

ခိုင်ထွီး

Wednesday, 22 May 2013

-->
ပင်လီပင်စွပ်ရို့ ဘဝ

အရှိက ရောင်နီလာစ
မိုးသောက်ဖက်ထ
မြောက်က စုန်လီ.....

ညဇာဖက်ထ
နောက်ကလီ ရမ်းပေါက်.....

နိခင်းဖက်ထ
တောင်လီသသွတ်.....

သောင်ကမ်းစပ်မာ
ပင်လီပင်စွပ်ရို့ အပျော်ထူး
နီဝင်ဒရူး ညဇာဖက်မာ
မိုးမြူးလာရေခါ
အနောက်မြောက်က
ကတ္တရံလီဖောက်
အရှိတောင်ရပ်က
ဆင်ခေါင်းလီထ
လမိုက်တညည့်မာ
မိုးနန့်လီနန့် လိုက်ပနာ
ကြိုးပစ်လိုက်စွာ
ပြီးပေါက်မရလိုက်
စမ်းဖီယမ်းဖမ်းချ
သရူးနရူးထလို့
လုံရေနီရာတိမာရာ
အောင်းနီကတ်ရဗျာလ်ကာ.....။ 

ခိုင်ထွီး

ယမ်းကုမ

စေတနာ အရင်းခံ
မေတ္တာမိုးမမှန်
လောကဓံ လှိုင်းကြားမာ
ခံနှိုင်စွမ်းရည်
ကျဆင်းလားခဗျာလ်ဒေ။

ဆယ်ကမ္ဘာမက
အားတင်းခစိတ်ချေ
တစတစနန့်
ရွင့်စိုင်လားခလီယင့်။

ဝေဒနာမဲ့ကလေ
မင်းစမ်းသပ်ချက်ကြောင့်
အသဲလွှာပါးပနာ
စာနာစိတ်နည်းရေ
ယမ်းကုမအနား
တိုးမလာဝံ့ဗျာလ်ဒေ။

ဒေတခါ.....
အမုန်းတရား စခန်းမာ
ပွဲမကြမ်းချင်ဗျာလ်
တော်ပါဗျာလ်
နှလုံးသားလမ်းက
ယမ်းကုမရာမလား။ ။ ။

ခိုင်ထွီး

Sunday, 12 May 2013

အရိပ်စစ်

သဘာဝ အလှတရားရို့ 
ခေတ်နန့်အညီ နင်လား ငါလား
ပျက်သုဉ်းနီရေအခိုက်အတန့်
ညှိုးခြောက်တောင်တန်းတိဖက်မာ
နွီ၊ မိုး၊ ဆောင်းဒဏ် တောင့်ခံနိုင်ဖို့
သစ်ပင်ပျိုချေတိ စိုက်ပျိုးနီသိရေ
အရိပ်ခို ဇိမ်လိုချင်လို့တော့မဟုတ်ယေ
နောင်လာနောင်သား မောင်နှမများ
စိမ်းမြအားသျှင် သစ်ပင်ဂြောက်မာ
မြင်တွိခချင်စွာ သတ်သတ်ရာ
အော်.....ယင်းပိုင်ဆိုကေလေ့
တောင့်တချင်စွာ တခုတော့ဟိသိရေ
အီးမြခြင်းတိလွှမ်းခရေ အတိတ်ဟောင်း
ရွှီထီးဆောင်း နန်းရိပ်ကောင်းတိ
တတိတ်ဆာလို့ ပျောက်လားခကေလေ့
အနှိုင်းမဲ့ အချစ်ဘုရင်
အမိရင်ခွင်ရိပ်အစစ်မာ
ဇာနိ ဇာခါ ပြန်နီရဖို့လေးလို့
တမ်းတ................
လွမ်းရ.......................
မွန်းမဝ.......................ယင်းပင်
သီကျလားဖို့လားဂု...........ဟူးးးးး...........။

ခိုင်ထွီး

Sunday, 5 May 2013

(ဧး)ကတ်ပါဖို့လား၊ (အေး)ကတ်ပါဖို့လား

               ရခိုင်နာမည်(အေး)နန့်ပတ်သတ်ပြီးကေ စကေတပွေချေလောက် တင်ပြချင်ပါရေ။ မတင်ပြခင်မှာ သ‌ဖောထားကွဲ အမြင်လွဲစွာချေတိဟိခပါကေ ထောက်ပြပီးကတ်ပါလို့ ရိုးသားစွာတောင်းခံချင်ပါယင့်။ ရခိုင်တိ ကိုယ့်ရီ၊ ကိုယ့်လီ၊ ကိုယ့်မြီ၊ ကိုယ့်လူမျိုးကိုစောင့်ထိန်းဖို့တွက် တော်လှန်ကတ်စွာမှာ နည်းလမ်းတိရေ ထပ်တူမကျနှိုင်ပါ။ ကိုယ်နိုင်ရေဆီ နိုင်ရေဖက်က တော်လှန်စွာလေ့ အင်အားတခုပါ။ စာပီတော်လှန်ရီးကဏ္ဍနန့် ဆက်နွယ်နီရေ ရခိုင်နာမည်တိထဲက (အေး)အသုံအနှုန်းကို ထုတ်နှုတ် သုံးသပ်တင်ပြပါမေ။ 

              ရခိုင်မိဖတိပါးက မွီးဖွားရေ သားသမီးအများစုကို ရခိုင်နာမည်ဆန်အောင် ရက်သားတိနန့်ကိုက်ပနာ ထားပီးလိဟိကတ်ပါရေ။ ဥပမာ- တလင်္ဂုနီသားသမီးဆိုပါကေ ထွန်းအောင်ရွှီ၊ သာ(ဧ)မောင်၊ လှဦးဖြူ အစဟိရေနာမည်တိကို အရာလေ့အများကြီး တွိဟိနှိုင်ပါရေ။ ဒေဂုကျခါ တလင်္ဂုနီ သား၊ သမီးတိနာမည်တချို့ မှာ (အေး)ဆိုရေအသုံးကို သာလို့တွိလှာရပါရေ။ ဥပမာ- မောင်အေးချေ၊ ဦးအေးသန်း၊ လှအေးယဉ် အစဟိရေနာမည်တိကိုကြည့်လို့ သိဟိနှိုင်ပါရေ။ ယေခါ (အေး)ဆိုစွာ ရခိုင်အသုံးလား၊ ဗမာအသုံးလားဆိုစွာကို ထည့်တွက်ဖို့ လိုလှာပါရေ။ (အေး)ကို ရခိုင်ပိုင်ကျခါ (အီး)ရာဖြစ်ပါရေ။ စာရီးဆရာ ခိုင်မင်းဇံ(ရခိုင်ပြည်)မှာ သမီးချေကို "အီးငြိမ်းဇံ" လို့ နာမည်အလှပလှချေတလုံး ပီးထားရေ မြင်ပါယင့်။ အရာ (အေး)ကို "ဟုတ်ကြောင်း၊ မှန်ကြောင်း၊ သဖောထားတူကြောင်းကို ဖော်ပြစွာတိမှာသုံးရေ ဝန်ခံစကားလုံး" လို့ ရခိုင်ဝေါဟာရ အဘိဓာန်ကျမ်းမှာ ဖော်ပြပါရေ။ ယေကေ (အေး)မဟိလားဆိုပြီးကေ စောဒကတက်လှာနှိုင်ပါရေ။ အယင်ခေါက်က (အေး)တက်စား (ဧ)သုံးခစွာကို သာ(ဧ)မောင်ဆိုရေနာမည်ကိုကြည့်လို့ သိနှိုင်ပါရေ။ နောက်တခုက အနောက်ဘင်္ဂလား၊ ဘိုမင်းထောင်၊ ဖလံထောင်၊ ထရိပူရ အစဟိရေဒေသတိက ရခိုင်တိရေ တေးခြင်း၊ သာခြင်းဆိုစွာကို (ဧ)ဆိုရေလို့ အဂုထိပြောဆိုနီကတ်တုန်းသိလို့ မှတ်သားဖူးပါရေ။ ပြီးကေ နောက်တခုက စစ်တွေမှာ (ဧ)စေတီတိဟိပါရေ။ ယင်း(ဧ)စေတီတိကို မြို့ဧ့ ဖီးအန္တရာယ်တိကင်းဝီးပနာ သာယာ၊ အီးချမ်းဖို့တွက် အယင့်အယင်ကပင် တည်ထားကိုးကွယ်ခကတ်တေလို့ ကြားဖူးပါရေ။ ဒေအချက်နှစ်ချက်ကိုကြည့်လို့ပင် (ဧ) = အီးချမ်းသာယာခြင်း၊ နားဝင်ချိုသာခြင်းဆိုရေ အဓိပ္ပာယ်ရပါရေ။ အရာ (ဧး)ကို "ဧး အသံနန့်ချီပနာ ဧး အသံနန့်ချလို့ သီဆိုရရေ ကဗျာသာခြင်း" လို့ ရခိုင်ဝေါဟာရ အဘိဓာန်ကျမ်းမှာ ဖော်ပြထားပါရေ။ ယင်းတွက်နန့် (အေး) တက်စား (ဧး/ဧ) ကိုသုံးကတ်ဖို့ဆိုပါကေ ရခိုင်ဆန်ပြီးကေ သာလို့ကြက်သရေဟိလားပါဖို့။ 
                နောက်အတုယူဖို့ကောင်းရေ အရာတခုက သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်ကလေ့ သူမကွယ်လွန်ခင် (အေး)ကျော် တက်စား (ဧ)ကျော် လို့သုံးဖို့ တပည့်၊ သားသမီးတိကို မှာထားခရေလို့ ကြားသိရပါရေ။ စာရီးဆရာ ခိုင်လင်း(မေဃဝတီ)က ဆရာကြီးဧ့မှတ်ပုံတင်မှာ "ဧကျော်" ဖြစ်ကြောင်း သူကိုယ်တိုင် မြင်ဖူးကြောင်း ပြောပါရေ။ (ဧ) နန့် (ဧး)ကိုလေ့ စကေ ယှင်းပြချင်ပါရေ။ အယင်ကလူတိက (ဧ)ကို (အေး)ဆိုပနာ ပြောကတ်တေပိုင် ဧဂုထိလေ့ ပြောကတ်ပါသိရေ။ ဥပမာ - (ဧ)စေတီကို (အေး)စေတီလို့ရာ ခေါ်ကတ်ပါရေ။ အမှန်က (ဧ) = အေ၊ (ဧး) = အေး ဖြစ်တေအတွက်နန့် (အေး)တက်စား (ဧး)ကိုသုံးကေ ပိုလို့သင့်တော်ပါဖို့လို့ သုံးသပ်မိပါရေ။ ဇာတွက်လေးဆိုပါကေ (ဧ) နန့် (ဧး)က အဓိပ္ပာယ် တတူဖြစ်ပါရေ။ ဧယာဉ်ကျူး၊ ဧခြင်းတိကိုသုံးကတ်တေပိုင် ဧးယာဉ်ကျူး၊ ဧးခြင်းတိရို့ ကိုလေ့ သုံးကတ်ပါရေ။ (ဧး)ကို မသုံးလို့မဖြစ် သုံးကိုသုံးရဖို့လို့ မပြောလိုပါ။ ဒေစာမူရေ အကျွန်သိမှတ်သလောက်ချေကို လိလာတင်ပြထားခြင်းရာဖြစ်ပါရေ။ 

သာစွလေ
ခိုင်ထွီး