Sunday, 3 February 2013

-->
ရွှီနန်းသျှင်

အချိန်တိကြာညောင်း...
နှစ်အလီလီပြောင်းလေ့
အသားထဲကလောက်မကောင်း
ကျွန်သရဖူဂေါင်းထက်မာ
ငှါးဆောင်းခီမှားလို့
ဒီစမ်ဘာအကြွီးဟောင်း
အတိုးပေါင်းများလားခပါဗျာလ်... အသျှင်။

ရာသီဥတုကိုယ့်ဖက်မပါ...
ဂီရိညလား ကျင်ကွင်းလားခါ
ကျိန်စာမီးတိထလောင်သိရေ
ရီများရီနိုင်...မီးများမီးနိုင်ဆိုပိုင်
ငါရို့ စကားပုံ ငါရို့ ဂေါင်းမာပုံလို့လား...
စံရဖွေကောက်မျိုး ပျိုးပစ်ခလို့ရာလား...
စားရကေမနာလို...၀တ်ရကေသ၀န်တို
မစားရခါ သရော်တတိုနန့်
အချင်းချင်းတိုင်ပင်သံတိက
ဗဟိုစည်...ဗြိန်း...စောင်...သံထက်ပင်
သောင်းသောင်းညံလားခပါဗျာလ်...အသျှင်။

ကမ္ဘာ့လူသားတချို့ ...
ခရစ်နှစ်သစ်ကူးလို့
ပျော်မြူးဖို့ပျင်နီရေ
ဒီစမ္ဘာညည့္မာ
မီးခိုးကမွန်းသွီးတန်းလန်းနန့်
ယူလားခရေအသျှင့်ဂေါင်း
ခေါင်းလောင်းမြည်ဟီးသံက
ရခိုင်သားတိရင်ဖတ်ထဲမာ
အဘာကူပါ... အမင်ကယ်ပါ
အော်ကျွီးသံအဖြစ်ရာ
ဂယက်ပုတ်ခတ်လှာလို့
လန့်နိုးလှာရေမျိုးဆက်တိ
အသျှင့်အရိုးတွန်သံနန့်တတူ
ရက္ခတိုင်းကိုပြန်ဖို့ အားမာန်တင်း
အံကြိတ်ယင်း စောင့်နီကတ်ပါယင့်... အသျှင်။

ခိုင်ထွီး

No comments:

Post a Comment