Sunday, 3 February 2013

စွန်ရိုင်း

ငါ့သဘောကျ
အကွန်ဆောင်တတ်ခ
မင်းဘ၀အလှ
အနားမာဟိခခါ ...
သူ့ပြုံးဟန်မာ
ငါကသမုဒယနွံ
တုံ့စားတုံ့ပြန်
စွဲလန်းမိဗျာယ်...။

ငါက၀ဲ့တင်ခါ
မင်းပြုံးရေအသွင်ရာ
အနားမာဟိခိုက်
ကောင်းခြင်းအစစ်
စကေချေရွတ်ပီးလိုက်ခါ
ငါ့စကြာဝဠာ ထဲက
ခြီစုံပစ်ပနာ
ရိုင်းစိုင်းမှုအပေါင်း
သရဖူဆောင်းလို့
လီကဆောင်ရာ
မင်းကပါလားခဗျာယ်...။

ငါ့ချစ်ဗိမာန်ထဲမာ
ဗြုန်းခနဲဝင်ပနာ
ဆောင့်ခွင်ထိုင်ခလေ့
လွမ်းရဓမ္မတာ
အသဲကနာ
ဆီးပစ်လို့မရ
မင်းအမှတ်တရ...။

ခိုင်ထွီး

No comments:

Post a Comment